Professional Authors

သူ့ကိုပြောပေးပါ

 

ဝင်လာပါလို့  မတိုက်တွန်းရက်ခဲ့တာ
လှည့်ထွက်သွားမယ့် တုံ့ပြန်မှုကို ကြောက်လို့ 

လွမ်းစရာလေးတွေပြောပြပေးမယ့်
ချစ်တဲ့အကြောင်း အချိန်အားရင် နားထောင်ပေးဖို့ 

အလုပ်တွေရှုပ်နေပေမယ့်
မျက်ဝန်းထဲမှာ သူ့ပုံရိပ်တွေ အရုပ်ရေးနေမိသေးသော

ခါးသီးစွာရက်စက်တဲ့အတိတ်ဆိုတာ
သူ့စကားတပွင့်အောက်မှာတင် ပြားပြားဝပ်ဝပ်သေဆုံး
အရှုံးတွေပယ်လို့ အပြုံးတွေနဲ့ ရွှင်လန်းနေတတ်သော

ရာသီခွင်များမှ နှုတ်ထွက်လို့ 
သူ့နှလုံးသား ရပ်ဝန်းမှာသာ နေရာလှည့်ပတ်ဖွေရှာနေတတ်သော

သူ့အမည်ဖြင့်နိုးထ၍
သူ့အမည်ဖြင့် အိပ်စက်တတ်သော

အိပ်မက်တွေ အဆိပ်တက်လို့ 
မာနတံခွန် လွှင့်မထူရက်နိုင်သော

ထပ်ခါတလဲလဲ တမ်းတနေမိ၍
နာကျင်စွာ နှုတ်ပိတ်ထားရတဲ့ ဖုန်းလေး နဲ့

သူမပါတဲ့နေရက်တွေ မှာ အဆင်မပြေတတ်ပုံများ
ဒီကဗျာကိုအဆုံးသတ်မရအောင် ပျောက်ရှသွားတဲ့

ကျွန်တော့်အကြောင်း
………………………
………………….တစေ့တစောင်း .
………………………..
…………………………………………………………………..

In: ကဗျာ Posted By: Date: Aug 9, 2012
Comment #1

ကြိုက်စ် ..း)

commentinfo By: လူကြီး at Aug 9, 2012
Comment #2

သူသိနိုင်မှာပါမိုးရယ်
အရေးကြီးဆုံးက ကိုယ့် ဘက်က
စစ်မှန်နေဖို့ 
သေချာနေဖို့ 
ရိုးသားနေဖို့ 
သတ္တိရှိနေဖို့ 
မျှော်လင့်နေဖို့ 
ချစ်နေဖို့ 

သူသိမယ်ဆိုရင်
သူခံစားတတ်မယ်ဆိုရင်
သူမြင်တတ်မယ်ဆိုရင်
သူကိုယ်ချင်းစာတတ်မယ်ဆိုရင်
သူ
ချစ်တတ်လာ လိမ့်မယ်

p.s မိုးကိုချစ်တယ်
ကဗျာကိုလည်းချစ်တယ်
ကျန်းမာရေးဂရုစိုက်ကွယ်

commentinfo By: sharon myorr myor at Aug 9, 2012
Comment #3

So touching.
Feel upset so much.
I like not only this meaningful poem so much but also like myor’s perfect comment.

commentinfo By: ei lay at Aug 9, 2012
Comment #4

Ma Moe d lout chit tar Thu ti twar yin ei lo be a yann khan sarr ya hmar par.
Ma Moe,,fighting.
We all r besides u forever.

commentinfo By: ei lay at Aug 9, 2012
Comment #5

မမိုး…ပြောပေးပါမယ်ဗျာ…
ဟဲဟဲ….ခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Aug 9, 2012
Comment #6

ဝင်လာပါလို့  မတိုက်တွန်းရက်ခဲ့တာ
လှည့်ထွက်သွားမယ့် တုံ့ပြန်မှုကို ကြောက်လို့ 

လွမ်းစရာလေးတွေပြောပြပေးမယ့်
ချစ်တဲ့အကြောင်း အချိန်အားရင် နားထောင်ပေးဖို့ 

commentinfo By: zawthetoo at Aug 9, 2012
Comment #7

သူမပါတဲ့နေရက်တွေ မှာ အဆင်မပြေတတ်ပုံများ……

အင်းတွေ့ရင်ပြောပြလိုက်မယ်။ ဆင်မလိုက်ဘက်ကိုမသွားဖြစ်သေးလို့….. 🙂 ဟဲ ဟဲ

commentinfo By: moezat at Aug 9, 2012
Comment #8

သူ့ကိုပြောပေးပါ

commentinfo By: htatmyataung at Aug 24, 2012
Comment #9

thu ko pyaw pay par
thu ko pyaw pay par
thu ko pyaw pay par

commentinfo By: ei lay at Aug 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment