Professional Authors

ကြော်ငြာ (သို့ ) ခွင့်စာ

သို့ 
ချစ်လှစွာသော …. ပုံ့ 
ကမောက်ကမ အလွမ်းများဖြင့်
ကဗျာတစ်ပုဒ် မဆုတ်မနစ်
ဆက်သလိုက်ပါကြောင်း…။   ။

၉လနီးပါးအရောင်းထိုင်း
အချစ်များအတွက်
ကြော်ငြာသင်ပုန်းဟု
မှတ်ယူလိုက မှတ်ယူနိုင်ကြောင်းနှင့်
ခံစားချက်မှားသုန်မှုန်
ခပ်ထုံထုံ ကြေကွဲလို့ 
ဟော့ဒီ အသည်းဖျားနာပြီး
ကြင်နာခြင်းများနှာစေး
အအေးပတ်နတဲ့ အချစ်အတွက်
တရက်တာ ကဂျီကဂျောင်ကျခွင့်ပြုရန်
“ခွင့်စာ” ဟု သတ်မှတ်ပေး၍
မကျေမချမ်း သူပုန်ထနေသော
နှလုံးသား သင်ခန်းစာများကို
အစာကြေညှက်စေဖို့ 
အဖက်ဖက်ကိုမတွေးပဲ
ကျွန်ုပ်၏ အတ္တများကိုသာကြည့်
သံစဉ်ညှိ ဘဝကျက်ဖော်
(Guide) တစ်ယောက်အနေဖြင့်
ဘယ်နေ့ ဆေးတိုက်
အလွမ်းပူစမ်းလို့ 
အနမ်းများခြွေပါမည့်အကြောင်း
မျက်ဝန်းများအစား
ရင်ခွင်မှမြစ်ဖျားခံ
နှုတ်ခမ်း နှစ်လွှာမှ
စီးဆင်းလာပါမည့်အကြောင်း
မြန်စွာ (အခုပဲ)
သတင်းကောင်းပါစေလိုသည်။  ။

In: ကဗျာ Posted By: Date: Nov 29, 2010
Comment #1

Very Good…..Bro!

commentinfo By: moehtetaung18 at Nov 29, 2010
Comment #2

thanks

commentinfo By: ကိုဇင် at Nov 29, 2010
Comment #3

ဘယ်နေ့ ဆေးတိုက်
အလွမ်းပူစမ်းလို့ 
အနမ်းများခြွေပါမည့်အကြောင်း
မျက်ဝန်းများအစား
ရင်ခွင်မှမြစ်ဖျားခံ
နှုတ်ခမ်း နှစ်လွှာမှ
စီးဆင်းလာပါမည့်အကြောင်း
မြန်စွာ (အခုပဲ)
သတင်းကောင်းပါစေလိုသည်။ ။
…..like this

commentinfo By: အသဲကွဲမိုး at Jul 3, 2011
Comment #4

ကောင်းတယ်ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment