Professional Authors

ညီမျှခြင်း

မြစ်တွေတစင်းပြီးတစင်း
ပင်လယ်ကို ချင်းနင်းသွားကြ
ကောင်းကင်ကကျတဲ့ ၂၄နာရီဟာ
သဘာဝကိုဆန့်ကျင်တယ်…

တိမ်ရိုင်းတွေ ခွာသံအောက်
ရာသီတွေ ကောက်ကောက်ပါအောင်လိုက်သွားကြ
မိုးစက်တွေ
တသောသောကြွေကျတယ်…

ခိုးထုပ်ခိုးထည်တိတိကျကျရှိတယ်
ကဗျာနဲ့ ခိုးရာလိုက်တဲ့ ည
ရှိသမျှအကုန်သွန်ချပြီး
မျက်ရည်ပျပျနဲ့ ဆစ်ခဲ့တာ
တဘ၀စာတိတိ…

နောက်ဆုံးထွက်တဲ့ အဖြေလွှာ
စကားတခွန်းရဲ့ဈာပန
ကျကျန်ရစ်ခဲ့သော အိပ်မက်အပိုဒ်ခွဲများ
တစုံတရာ အပိုအလိုမပါ
အသေးစိတ် သိလိုသမျှ
အဲဒီကောင်မလေးကိုသာ
ဆက်သွယ် မေမြန်းလိုက်ကြပါ…

In: ကဗျာ Posted By: Date: Aug 2, 2012
Comment #1

တကယ်မေးရမှာလား ဖုန်းနံပါတ်ပေးပါလား မေးကြည့်ချင်လို့

commentinfo By: maypyo.pyomay at Aug 3, 2012
Comment #2

lann de kwar
😛

commentinfo By: ei lay at Aug 3, 2012
Comment #3

အိလေး ခင်ဗျာ ကျွန်နော် အကောင့်အပ်ထားပါတယ်ဗျာ
လက်ခံပေးပါ

commentinfo By: fullfriday at Aug 3, 2012
Comment #4

ကျွန်တော့်အကောင်က [email protected] ပါဗျ

commentinfo By: fullfriday at Aug 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment