Professional Authors

“ နောက်ဆုံးနေ့ ”

ကောင်းကင်က တိမ်တွေပြိုကျသလိုမျိုး
အဲဒီ့ ဈာပနက ဆိုးကောင်းဆိုးမယ် ။

ဟိုနားက ဖြူဖြူ
ဒီနားက ဖြူဖြူ
အဲဒီ့ အုတ်ဂူတွေကြားမှာ
ငါ့ အတ္တပြာတွေနဲ့
သွန်းထုခဲ့တဲ့ မှတ်တိုင်တစ်ခုရှိလိမ့်မယ် ။

လမ်းပေါ်က ပန်း
ကြမ်းပေါ်က အခန်းထဲမှာ
လွမ်းသူ့ပွဲလည်း ရှိလိမ့်မယ် ။

မိတ်ဟောင်းဆွေဟောင်းတွေ
လာကောင်းလာမယ် ။
အားနာပါးနာ
လာကြသူတွေလည်း ရှိလိမ့်မယ် ။

သေချာတာက
ကောင်းကင်က စည်တီး
မြေကြီးက မီးဖိုပေးလိမ့်မယ် ။

ဘယ်ကိုမှ သယ်မရတဲ့အရာတွေဘေးမှာချ
ပင်လယ်လိုတော့ ငိုမပြပါနဲ့ …
ဈာပနပွဲမှာ မုန်တိုင်းစဲမယ့်အချိန်ကို
စောင့်မနေချင်ဘူး … ။

ကိုယ်ယုံကြည်ရာ ကိုယ်လုပ်
ဘယ်သူ့ကိုမှ မရှုပ်ခဲ့ဖူးဘူးဆိုတော်ပြီ ။

မီးခိုးတောင်တူးတော့မယ်လား
ဒါဆို
တစ်ဆိတ်တော့ … မြိုချ
ဒီကဗျာကို ရွတ်ပြကြပါ ။

အဲဒါဟာ …
အရာအားလုံးအတွက်
နောက်ဆုံးနှုတ်ဆက်ခြင်းပဲ … ။

ကောင်းကင်က တိမ်တွေပြိုကျသလိုမျိုး
အဲဒီ့ ဈာပနက ဆိုးကောင်းဆိုးမယ် ။

မိတ်ဆွေတစ်ယောက်ယောက်တော့ အချိန်ပေးနိုင်ကောင်းပါရဲ့ …

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

ဂွတ်တယ်……… အားပေးသွားပါတယ်………

commentinfo By: May K ha at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment