Professional Authors

ဝန်ခံခြင်းသက်သက် (နှင်းဆီဆူး)

တိတ်တခိုးတွယ်ငြိ
ချစ်ခင်မိကြောင်း
စာတွေဖွဲ့ဆိုတော့
ကာရံတွေမဲ့နေသလိုလို
စကားလုံးတွေမပြည့်စုံလို့
ရင်ခွင်ထဲက
မေတ္တာစစ်ကို
သခင်သိအောင်
ရင်မဖွင့်ပြနိုင်ပါဘူး။

စကားလုံးတွေမပိရိရင်
လေးနက်ခြင်းတွေ
ပေါ့သွားလေမလား
ထပ်ခါထပ်ခါပြောမိတော့
တန်ဖိုးတွေလျော့သွားမလား
ဒီစိတ်တွေနဲ့ဗြာများရပေါ့။

ယုံကြည်တယ်ဆို
ခေါင့်ငြိမ့်လို့ပေးပါ
ယုံလွယ်အောင်တော့
မကျီစယ်လေနဲ့
နှစ်တွေကြာရင်
အချစ်တွေပြယ်လို့
အပြစ်တွေရှာပြီး
အသစ်ကိုရှာဖို့
စကားတွေမကြားရပါစေနဲ့
တစ်ပင်မှာတစ်ပွင့်ထဲသောပန်း
ဒီရင်မှာတစ်ကြိမ်ထဲပွင့်တာ
သင့်တစ်ယောက်တည်းအတွက်သာ
ရည်စူးလို့
ရူးရသူမို့။

-အိ- (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

a chit tway pye loh
a pytit tway shar p
a tit ko shar phoe
ma loak par ne

d yin hte hmar ta kyane de pwint de pan moh loh par.

commentinfo By: ei lay at Nov 8, 2011
Comment #2

plz let me share to my diary

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment