Professional Authors

သခင့်အတွက် (နှင်းဆီဆူး)

တိတ်တခိုးတွယ်ငြိ
နွယ်မိလို့ချစ်ပါစေကြောင်း
သစ္စာလောင်း စာဟန်တွေဖွဲ့ လေတော့
ကာရံတွေမဲ့နေသလိုလို
မပြည့်မစုံဆိုစကားတွေက
ပိုထားတဲ့အကြင်နာနဲ့
ရင်လွှာကမေတ္တာစစ်ကို
လှစ်ဆိုကာသခင်ဖြင့်သိအောင်
ရင်မဖွင့်ပြနိုင်ပါဘူး။

စကားမကြွယ်မပိရိတော့
မချိတရိအတွေးသက်ပြင်းတွေနော့လို့
လေးနက်ခြင်းတွေပေါ့သွားလေမလား
ထပ်ခါထပ်ခါပြောမိတော့
စောမိပေါ့စိတ်တွင်
အရိပ်ထင်ကျန်ညှိုးစေဖို့
တန်ဖိုးတွေလျော့သွားလေမလား
စိတ်အားဗျာပွေ။

ယုံကြည်တယ်ဆိုရင်
ခေါင်းကိုသာတွင်တွင်ငြိမ့်ပေါ့
စိတ်ပျော့သူယုံလွယ်အောင်တော့
နော့နော့ကာမကျီစယ်ပါနဲ့
ဒီမယ်ကွယ် နှစ်တွေကြာရင်
အပြစ်ဖွေဆိုကာပြယ်အချစ်တွေနဲ့
အသစ်တွေကိုပါရှာလေမယ့်
ကွာသွေမယ့်သူ့ စကားတွေ
မုသားတောင်နားမဆင်ပါရစေနဲ့
ဒီတစ်ပင်၊ ဒီရင်ထဲက
ဒီတစ်ကြိမ်တည်းသာ ဒီတစ်ပွင့်
လန်းစွင့်လို့ပွင့်ခက်ဟာ
သခင့်အတွက်သာရည်စူးလို့
ရူးရသူမို့ . . .

**** ဒါကိုဟယ်ရီပြင်ရေးပေးထားတာပါ။…original လဲမတွေ့..

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

d ta pin d yin hte ka d ta pwint,,,,
ta khin a twat tar yee su loh,,,,
u ya thu moh

commentinfo By: ei lay at Nov 8, 2011
Comment #2

so nice

commentinfo By: ei lay at Mar 1, 2013
Comment #3

တစ် ပင် တည်း ရင် ထဲ က နွယ်
ရုန်း မ ရ နိုင် ကွယ်

commentinfo By: ei lay at Sep 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment