Professional Authors

ကျွန်တော်ရူတဲ့လေထု

 

ဆေးလိပ်မိုးခိုးတွေ သိပ်ရှည်လွန်းပြီ

သူတို့ဟလိုက်တဲ့ ပါးစပ်တွေထဲက

ဟိမဝန္တာ ကျကျလာတယ်။

အမေက သဲထဲရေသွန်ဆိုတာပဲထထပြောတယ်။

မလွယ်ဘူး။

ကျွန်တော် ခဏခဏ နေရာပြင်ထိုင်ရတယ်။

အဘိဓမ္မာကျမ်းကို (၁၀၁)ခေါက် ဖတ်ဖို့လိုဦးမယ်ထင်တယ်။

အဖေကို မေးရဦးမယ်။

ကျောက်ရုပ်ခေါင်းငြိမ့်အောင် ပြောနိုင်တဲ့

ဖေဖေ့သူငယ်ချင်း ရှိသေးလားလို့ ။

မနေ့ကဝယ်လာတဲ့ မျက်မှန်တစ်လက်

ဘုရားစင်ပေါ် မတင်ဖြစ်ခဲ့ဘူး။

ဆေးကြော်ငြာတွေပဲ အမှတ်ရနေမိတယ်။

ဝမ်းတစ်လုံးမကောင်းရင်တော့ ခေါင်းခဲမှာပဲတဲ့ ။        

 

မောင်နေပြာ

In: ကဗျာ Posted By: Date: Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment