ံဆုံနိုင်ခွင့် (မင်းကိုချစ်တဲ့သူ)
ကောင်မလေးရေ…
အမှန်တရားတခုကို
ထွေးပိုက်ထားပေမယ့်
ဒဏ်ရာရသွားတဲ့
မင်းနှလုံးသားကို
ဥပက္ခာပြုခဲ့မိတယ်…
တစ်နှစ်မှာ တစ်ခါပဲ
တွေ့ခွင်ရတဲ့အဖြစ်အတွက်
ဈေးမစစ်ခဲ့တဲ့ မင်းကို
ကျေးဇူးတင်မိတယ်…
ဝေးနေရတာက
ဝဋ်ကြွေးများဖြစ်နေရင်
ငါ့ကို ခဏလောက်စောင့်ပေးပါ
အချိန်တွေနဲ့ အချိုးကျ
နောင်မဝေးရအောင်
ဒီအကြွေးကိုငါဆပ်ပါရစေ…
(လုံးဝ မရှိတော့တဲ့အထိ)
ဒါပေမယ့်ထဲက ဒါပေမယ့်ပေါ့
ကောင်မလေးရယ်
နှလုံးသား Feeling ကို
ရှေ့တန်းတင်လိုက်ရင်
ဘဝက မပီပြင်တော့ဘူး…
(ဘဝဆိုတာက ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ)
အတူမရှိနိုင်လို့
စင်္ကာပူက ကောင်းကင်ကြီးမှာ
ကြယ်တွေလင်းမနေဘူး
ငါ့ကို စာနာသနားလို့တဲ့
ပတ်ဝန်းကျင်ကို အမှောင်ချပေးထားတယ်…
အချိန်ဆိုတဲ့ အချိန်ပါပဲ
ဆုံဆည်းဖို့ကိုပေးခဲ့ပြီး
ထွက်ခွာဖို့အတွက်ပါ
စနစ်တကျ အကွက်ဆင်ခဲ့တယ်
ရပ်တန့်မနေတဲ့ အချိန်တွေအတွက်
ပြန်လည်ဆုံဆည်းဖို့ မျှော်လင့်လျက်…
Comment #3
အားပေးစောင့်မျှော်နေပါတယ်ခင်ဗျာ…. ကိုပျောက်ကြီး ခင်ဗျား
By: အသဲကွဲ မိုး at Jun 8, 2013
Comment #4
ကောင်းလိုက်တဲ့ ခံစားချက်။ အားပေးလျက်ပါဗျာာာ
By: ဇော်သက်ဦး at Jun 9, 2013
Comment #5
ဆုံ နိုင် ခွင့် လေး တမ်း တ မိ တယ်
ဘယ် တော့ လဲ။
🙂
အဲ လက်စ် နဲ့ ထွန်း အိ ဒြာ ဗိုလ့်
By: ei lay at Jun 9, 2013




Comment #1
nice one……