ဒီကမ္ဘာကြီးမှာ …..နင် မရှိတော့ရင်………
ဒီကမ္ဘာကြီးမှာ ငါ့ကို ရက်စက်ခဲ့တဲ့ နင် မရှိတော့ရင်………
အပျော်ရွှင်ဆုံးလူသားက ငါ…..
အငိုရဆုံးမိန်းမသားကလည်း ငါ
ရိုးရိုးသားသားဝန်ခံရရင်
အပြုံးတွေနဲ့မျက်ရည်ဝဲနေမယ့်သူက ငါ……။
ဒီကမ္ဘာကြီးမှာ ငါ့ကို လမ်းခွဲခဲ့တဲ့ နင် မရှိတော့ရင်…….
ကျေကျေနပ်နပ် နေတတ်သွားမယ့်လူက ငါ
စိတ်လိုလက်ရ မှိုင်တွေငေးမောနေသွားမယ့်လူက ငါ
ပွင့်ပွင့်လင်းလင်း ပြောရရင်
အတွေးတွေမှန်သမျှ အဆွေးတွေနဲ့သာ ရောနှောနေသားကျသွားမယ့်လူက ငါ……။
ဒီကမ္ဘာကြီးမှာ ငါ့ကိုလှည့်စားခဲ့တဲ့ နင် မရှိတော့ရင်
ဝမ်းသာပီတိ ဖြစ်မိသူက ငါ….
အသက်မဲ့အရုပ်လို အေးစက်သွားမယ့်လူက ငါ…..
သေသေချာချာ ပုံဖော်ပြရရင်
နှလုံးသွေးစက်လက်နဲ့ လန်းဆန်းနေမယ့်လူက ငါ…..။
ဒီကမ္ဘာကြီးမှာ ငါ့အသည်းကို ရစရာမရှိအောင် ခွဲချေခဲ့တဲ့ နင် မရှိတော့ရင်
သစ္စာဆူးခြင်းကို ယုံကြည်မိသွားမယ့်လူက ငါ
အတိတ်ကာလတွေထဲမှာ နေထိုင်သွားမယ့်လူက ငါ
အဖြစ်နိုင်ဆုံးမှန်းဆကြည့်ရင်
ငါ အမုန်းဆုံးနင့်ကို တစ်သတ်လုံး လွမ်းနေမယ့်လူကလည်း ငါ……….။
ကေသရီ
Comment #3
>>>…..ရူးပြီ…………..>>>
By: နွေ at May 30, 2013
Comment #5
ဒီကမ္ဘာကြီးမှာ ငါ့ကို လမ်းခွဲခဲ့တဲ့ နင် မရှိတော့ရင်…….
ကျေကျေနပ်နပ် နေတတ်သွားမယ့်လူက ငါ
စိတ်လိုလက်ရ မှိုင်တွေငေးမောနေသွားမယ့်လူက ငါ
ပွင့်ပွင့်လင်းလင်း ပြောရရင်
အတွေးတွေမှန်သမျှ အဆွေးတွေနဲ့သာ ရောနှောနေသားကျသွားမယ့်လူက ငါ……။
By: အရိပ် at May 30, 2013




Comment #1
အားပေးသွားပါတယ် အစ်မ