Professional Authors

ဖူးငုံကြွေ (သို့) ဆိုရင်းရပ်ခဲ့ရတဲ့ သီချင်း

 

ဖူးငုံကြွေ (သို့) ဆိုရင်းရပ်ခဲ့ရတဲ့ သီချင်း

 

ပန်းတွေနဲ့ ပေါက်တာ မဟုတ်ဘူး

အချစ်ရယ်

ကိုယ့်ရင်မှာ ထိရှလို့

ကြေကွဲစရာရှိတာတွေ အကုန်ကြေ

ဖြေစရာရှိတာတွေ အကုန်ပျောက်

ကိုယ်ဟာ သောကရောက်ခဲ့ရ။

 

အချစ်ရယ်

မင်းရဲ့မျက်ရည်တစ်စမှာ

ကိုယ်ဟာ သောကပင်လယ်အိုင်ဖွဲ့ခဲ့သူပါ။

မောဟ ဆူးခြုံကြားမှ

လောကအလှ ရှာချင်သူပါ။

လေသာပြတင်း အသာဖွင့်ရင်း

ကိုယ်ဟာ မုန်းတိုင်းမိခဲ့သူပါ။

 

တဒင်္ဂ၊တခဏနဲ့

နှလုံးသား ဖွင့်ဟ၊တမ်းတမ်းတတနဲ့

နောက်ဆုံးတောင်စွယ်မှာ နေမကွယ်ခင်

ရေတစ်မှုတ်မပါဘဲ လက်လျှော့ခဲ့ရတယ်။

 

ဒီတော့ အချစ်ရယ်

လေပြေမလာတဲ့ ကိုယ့်ဘဝ

ခြေဆင်းမပါတဲ့ သီချင်းလို

ဆိုရင်းရပ်ခဲ့ရတယ်။

 

ဒါပါပဲကွာ

တောင်ဇလပ်ပန်းတွေ ပွင့်ချိန်မှာ

တမာတွေ အဖူးဆင့်လို့

မင်းဘဝ၊ မင်းအလှ တင့်ပါစေ။ 

 

မောင်နေပြာ

In: ကဗျာ Posted By: Date: Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment