Professional Authors
တတ်သလောက်မှတ်သလောက်လောကဓံ
ရှိခဲ့တယ်တစ်ချန်တုန်းက
မေ့လိုက်တယ်…ပေးဆပ်သမျှ
လောကအလယ်
ဝမ်းစာအတွက်ကွယ်
ထမ်းကာရွတ်မယ်…အုတ်ခဲ
တွန်းကာသွားမယ်…ထီလှည်း
မေတ္တာထားမယ်…စတ်ရင်းနဲ့ 
အတုအပများနဲ့ မရောင့်ရဲ့ နဲ့ 
လောကတရားထဲလျှောက်လှမ်းမယ်
လောဘတော…သောကမြစ်
အာဏာစမ်းချောင်း…သားရဲမာန
သစ္စာအသီး…မေတ္တာအနှစ်
ထိုအဖြစ်တွင်
လျှောက်မကြည့်ပါနဲ့ 
စောင့်ကြည့်ပါကွယ်
အခါသင့်အခွင့်ကြုံကံအလင်းဥာဏ်အကုန်
လူသားပုံထဲလဲသွားမဲ့စိတ်ဓာတ်တို့ မပြိုလဲသွားနဲ့ ……..
In: ကဗျာ Posted By: Date: Jul 27, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment