Professional Authors
တစ်ညတာအတူတူရပ်ခြင်း
ရာသီဥတု တော့ကိုဘက်မှာပဲ မပူ၊မအေး လေးပဲ
အပြင်မှာတော့တွေ့ နေရတယ် တစ်ချို့တွေက ကွဲပြဲနေပြီ
လေအေးပေးစက် ကသိပ်တော့မနိုင်ချင်တော့ဘူး နဖူးမှာ ချွေးနဲနဲတော့ဆို့ နေတယ်
ဒီ ချို၊အီ၊မွေးပျံတဲ့ရနံနဲ့  အရည်တွေက တစ်ခွက်ပြီး တစ်ခွက် 
လည်ချောင်းမှသည် အစာအိမ် တစ်ဆင့်ပြီး တစ်ဆင့်သူ့ အလုပ်သူလုပ်သွားတယ်
နည်းနည်းမြူးလာတယ် ရီဝေဝေလေး နဲ့  
မီးရောင်စုံလင်းလက်နေတဲ့ ကြမ်းပြင်ပေါ်မှာ လက်လှုပ် ပြီးတော့ ခြေလှုပ် ခပ်သွက်သွက်လေး လှုပ်လှုပ်ရှားရှားလေး
အနက်ရောင် ဝတ်စုံလေးနဲ့  အမျိုးသမီး
သူလည်းဖြစ်တယ် ကိုလည်းဖြစ်တယ် နှစ်ယောက်သား စည်းချက်တွေ ကြားတည်းမှာ ခုံလိုက်၊ကြွလိုက်
နဲနဲမော လာတော့ သူမှာတဲ့ဟာကို နှစ်ခုလုပ်ခိုင်းလိုက်ပြီး
ခုံပေါ်မှာအတူတူ စကားလေး တစ်ခွန်း၊ နှစ်ခွန်း စကားစမြည်ပေါ့
စီးကရက်လေးခဲပြီး ရီဝေဝေနဲ့ သူ့မျက်လုံးတွေကတဆင့် သဘောတူညီမှုလေး ရယူလိုက်တယ်
စည်းချက်တွေကြားတည်း ခဏလောက်ပြန်ခိုနေတုံး
သူမေးတယ် ဒါပြီးရင် ဘယ်လဲ၊ ဘာလဲ ပေါ့
ဝမ်းနည်းပါတယ်ဗျာ ကျွန်တော်ရဲ့  တစ်ညတာအတူတူရပ်ခြင်းဟာ ဒီမျှပါပဲပေါ့………
In: ကဗျာ Posted By: Date: Jul 21, 2012
Comment #1
😛
commentinfo By: ei lay at Jul 21, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment