Professional Authors

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မလွမ်းသေးပါဟု ပြောကြား

ကျွန်တော်ထံသို့ ဖုန်းမဆက်ထားသော
ညအိပ်ယာဝင်ပုံပြင်တို့ ရောက်လာကြ
ဓာတ်ခွဲခန်းမဝင်ထားတဲ့
မြေ ရေ လေ မီး မှာ
တစ်စုံတစ်ယောက်များပါလာမလား
အဲ့လို အတွေးရူးတွေနဲ့
အိမ်ရှေ့က သဲပုံကြီးကို ဖွလှန်ရှာမိတယ်

သူတို့တွေဧည့်စာရင်းမတိုင်ကြဘူး
ဘာလို့ ဒီနေ့ညပွဲထွက် line up မှာ
၁၂ နာရီမပါလာတာလဲ
အာရုဏ်ဦးတွေ ဂိုးပြတ်ရှူံးတော့မယ်ထင်ရဲ့

နာမည်လည်း မပြောသေးဘူး
ရန်သူလား မိတ်ဆွေလား
ကျွန်တော်ခွဲခြားဖို့
အသိတရားလေး
နည်းနည်းချေးပါလား အန်ကယ်ပလေတို …
ကြေးမှုံဥပဒေသကို သုံးဖို့
ကျွန်တော့်မှာ ပြဒါးမလုံလောက်တော့လို့ပါ

လက်ကိုကိုင်ထားပါ
လည်ပင်းကိုသိုင်းထားပါ
ဘယ်သူဘဲဖြစ်ဖြစ်
အသက်ပါတာခြင်းတော့တူမှာပါဘဲ

လာပါ …
သွားပါ …
ထိုင်ပါ …
ထပါ …
စားပါ …
အိပ်ပါ …
နားနေပါ …
ကျွန်တော်ဧည့်ဝတ်ကျေချင်လို့ပါ

မနက်ဖြန်ခရီးဆက်မလား … ?
အော် မနေ့တုန်းက … !
အင် ဒီကနေ့ပေါ့ …
see u
Good bye …
အဲ့လိုပြောရင် စိတ်ဆိုးမှာလား
သွားခါနီးတော့ နာမည်လေးပြောခဲ့ပါဦးလား

ကျွန်တော့်နထင်မှာ
သူမျက်စောင်းတွေ အထပ်လိုက်လာစိုက်တယ်
ခဏနေတော့ ဖျက်ကနဲ မြင်လိုက်တယ်
ဖျန်း ….
ကျွန်တော့်ကို ပါးပိတ်ရိုက်ပြီး ခပ်ကြမ်းကြမ်းပြောသွားတယ်
သူ့နာမည် “ အလွမ်း ” တဲ့
ကျွန်တော်နှုတ်ခမ်းထောင့်မှာ သတိရခြင်းတွေ ယိုစီးလို့ ………………………. ။

ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၂၆ ရက်အကြာ …

In: ကဗျာ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment