Professional Authors

သနပ်ခါးဖြင့် ဧည့်ခံခြင်း(စာပေဗိမာန်ဆုရ)

နံ့သာပင်သည၊် ပန်းပွင့်ပြီကို
နေခြည်နွဲဆိုး ၊ မသိနိုးလည်း
ရိုးရိုးစင်စင်၊ ရနံ့လွင်လျက် ။

နံ့သာပင်သည၊် ပန်းပွင့်ပြီဆို
လေပြည်ကခိုး၊ သယ်ဆောင်ပိုးလည်း
ညိုးညိုး ညင်ညင်၊ ရနံ့တင်လျက် ။

နံ့သာရည်တင်၊ နုပါးပြင်သည်
မွှေးချင်စဖွယ်၊ အလှကြွယ်လျက် ။

တစ်ခက်တစ်ပွင့်၊ ကေသာဆင့်လျှင်
နမ်းချင့်စဖွယ်၊ အလှထည်လျက် ။

သြော်……..
ဘဝဂြိုလ်ပြာ၊ အလည်လာခိုက်
နံ့သာလိုလူ၊ ပန်းလိုလူဟု
ကြည်ဖြူဆိုရန်၊ မြတ်မျိုးမှန်အောင်
တန်ဖိုးမြှင့်လျက်၊ အမှတ်ပွား…
စံထိုးချင့်တွက်၊ သနပ်ခါး..။   ။
                                   (စာပေဗိမာန်ဆုရ စာအုပ်မှကဗျာအား ကူးယူတင်ပြထားပါသည်)

In: ကဗျာ,Others Posted By: Date: Sep 4, 2011
Comment #1

ကူးသွားပါတယ်……….

commentinfo By: May Kha at Sep 5, 2011
Comment #2

နံ့သာရည်တင်၊ နုပါးပြင်သည်
မွှေးချင်စဖွယ်၊ အလှကြွယ်လျက် ။

တစ်ခက်တစ်ပွင့်၊ ကေသာဆင့်လျှင်
နမ်းချင့်စဖွယ်၊ အလှထည်လျက် ။

commentinfo By: chityellusoelay at Sep 5, 2011
Comment #3

သြော်……..
ဘဝဂြိုလ်ပြာ၊ အလည်လာခိုက်
နံ့သာလိုလူ၊ ပန်းလိုလူဟု
ကြည်ဖြူဆိုရန်၊ မြတ်မျိုးမှန်အောင်
တန်ဖိုးမြှင့်လျက်၊ အမှတ်ပွား…
စံထိုးချင့်တွက်၊ သနပ်ခါး..။ ။

commentinfo By: May Kha at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment