Professional Authors
“ဖြစ်နိုင်မလား”
“ဖြစ်နိုင်မလား”
ဖြူဖြူစင်စင် ပန်းလေးတစ်ပွင့်လို
ဘယ်သူတွေများ ဖြူစင်နိုင်မှာလဲဗျာ…
အယောင်ဆောင်တွေနဲ့ ကင်းချင်တယ်
အပြိုင်အဆိုင်တွေနဲ့ ဝေးချင်တယ်
မှားခဲ့တဲ့အမှားတွေရဲ့ အညစ်ကြေးတွေ
ဘာနဲ့လျှော်ဖွပ်လို့ ဖြူစင်နိုင်မှာလဲ…
ရူသွင်းလိုက်တဲ့လေက Oxygen သန့်သန့်လေး
စားလိုက်တဲ့အစာတွေက အာဟာရသန့်သန့်လေး
ပြောလိုက်တဲ့စကားတွေက စေတနာသန့်သန့်လေး
ကြားလိုက်တဲ့အသံတွေက အေးချမ်းမှုသန့်သန့်လေး
လှမ်းလိုက်တဲ့ခြေလှမ်းတွေက ပန်းတိုင်သန့်သန့်လေး
ကမ်းလှမ်းလိုက်တဲ့လက်တွေက နွေးထွေးမှုသန့်သန့်လေး
ကြည့်ကြတဲ့အကြည့်တွေက နားလည်မှုသန့်သန့်လေး
နှလုံးသားမှာရှိကြတာက မေတ္တာတရားသန့်သန့်လေး
ကဲ… မိတ်ဆွေ
ဖြစ်နိုင်မလား
ဖြစ်နိုင်မလားဗျာ…
မှားပြီးရင်းမှားနေကြတဲ့ အမှားတွေရဲ့အညစ်အကြေးတွေ
ဘာနဲ့လျှော်ဖွပ်လို့ ဖြူစင်နိုင်မှာတဲ့လဲ…?
In: ကဗျာ,Others Posted By: Date: Oct 3, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment