Professional Authors

လွဲနေသော ပစ်မှတ်များ – ဒီရေလှိုင်း

မှား မှား မှားနိုင်လွန်း

ခံယူချက်စာမျက်နှာမှာ

ကြက်ခြေခတ်ရာတွေအပြည့်

အနီရောင်မင်သက်သက်ဖြည့်ထားတဲ့

စိတ္တဇပန်းချီကားချပ်ပမာ

တစ်ခါတစ်လေ

မှန်နေရင်တောင်

အမှားလို့မြင်

ယုံကြည်ချက်အမှားများကိုပဲ

အမှန်ုလို့စွဲ

လွဲ လွဲ လွဲနိုင်လွန်း ။

ခါး ခါး ခါး နိုင်လွန်း

အလိုမကျတိုင်း

မျိုချလို့မထွေးနိုင်

မချိုမြတဲ့ အတွေးမှားတွေ

ခါးနေလိုက်ပုံများ

ကြက်ဟင်းခါးသီးတောင်

ချိုနေရော့သလား

အချိုသကာကို

မြင်နေတာတောင်

အကြည့်များကခါး

ကမ္ဘာတစ်ခြားက ဂြိုလ်သားလို

အဘိဇ္ဇာ အယူမှားအလွဲတွေက

မြဲ မြဲ မြဲနိုင်လွန်း ။

ဟား ဟား ဟားနိုင်လွန်း

ရည်ရွယ်ချက်ကျည်ဆံတွေလည်း

တ၀ီဝီနဲ့

ကြည့်ပြီးရှောင်ရင်ထိ

မရှောင်ရင် လွတ်ပြီ

တွတ်ပီရဲ့ နှစ်လုံးပြူးကျည်ပမာ

တစ်ခါတစ်လေ

အပီမှန်တာတောင်

တကယ်ပလီဟန်နဲ့

ရယ်သံတွေဖွဲ့လို့ ညံမစဲ

ဘယ်အခါမှ မှန်ပါဘူးလို့

အမြင်တရား အမြဲတွေက

စွဲ စွဲ စွဲနိုင်လွန်း ။  ။
                          ဒီရေလှိုင်း

In: ကဗျာ,Others Posted By: Date: May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment