Professional Authors

ဆုံးရှုံးတဲ့ ဘ၀ – ဒီရေလှိုင်း

ဖြစ်ပျက် ရုပ်နာမ်
သတိပဌာန်ကို
အသိဥာဏ်ယှဉ်လို့
အမှန်မြင်အောင်မကြိုးစား
မုသား ပကာသနတွေကို
ခ၀ါမချ
ပုဝါတစ်စလို လွှမ်းရစ်ပတ်နေတဲ့ ဘ၀ ။

အနိစ္စ အနတ္တ
သည် ဓမ္မကို
သောချာစွာ
မဖွေရှာ
မာယာများပို
နဂိုစိတ်ထားမှာ
မချိုဆိမ့် အမှားကို
မျိုကြိတ်စားကာ
အလိမ်စကားတွေနဲ့ သရုပ်ဆောင်
အချုပ်အနှောင်ခံနေတဲ့ ဘ၀ ။

ဥပါဒ် ဌီ ဘင် ကို
ပီပြင်အောင်မရှုပွား
မိုးခါးရေ တစ်ခွက်ပြီးတစ်ခွက်
ဆက်ဆက်ပြီးသောက်
ကြောက်စရာသည်လောကီအမှန်ရှုပ်မှာ
ဟန်အရုပ်နဲ့
ဥာဏ်အလုပ်မှာ မပျော်
အဖော်အပေါင်းတွေနဲ့
မလျော်ကောင်းတာတွေနဲ့သာ နိုးကြား
မရိုးသား မကြိုးစားနိုင်တဲ့ ဘ၀ ။

ဝင်သက်ထွက်သက်
သည်နှစ်ချက်ကို
မပျက်မှတ်ရှု
ပွားများကုသိုလ်
မပြုလိုပဲ
ရင်တွင်းမှာ ငို ၊ အပြင်မှာ ပြုံး
နှလုံးသားမှာခါး၊ မျက်နှာထားမှာချို
မူယာတွေလိမ်း ၊ တိမ်းမှားခြင်းသဏ္ဍန်နဲံ့
အတည်မမှန်တဲ့ဘဝ
မှားသမျှတွေ တရားမရနိုင်တဲ့ အဆုံး
ရှုံးဆုံးခဲ့ကြ အော် ဘ၀ ဘ၀ ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment