Professional Authors

မာယာဆောင်းဦးမှ လွတ်မြောက်ခြင်း – ဒီရေလှိုင်း

အိပ်စက်ဖို့တောင်
သိပ်ခက်တဲ့ ကာလ
အိပ်မက်လို့မရတဲ့
ညများစွာနဲ့ပေါ့ ။
နွေဟန်ဆောင်တဲ့ ဆောင်း
မိုးနှောင်းက မကုန့်တကုန်
တုန်နေအောင် မအေး
နွေးလိုက် အေးလိုက်
ပူလိုက်တဲ့ ဟေမန္တမာယာမှာ
ငါတစ်ခါ အလစ်အငိုက်နဲ့
တိုက်ခိုက်လို့ခံခဲ့ရ ။
ဗျာဓိအနာကို
ဘယာသိစွာနဲ့ရှုသော်လည်း
ဝေနာများက ခက်
တက်အပူတွေကြောင့်
အသက်ရှုတာတောင်
စက်အကူနဲ့ နေခဲ့ရ ။
ဗီဇရုပ်တောင်
ဇီဝချုပ်ပြီး
ဒီဘ၀ပြုတ်မတတ်
ပီသတဲ့ ဂီတကဗျာကိုမသီကုန်း
မခြယ်မှုန်းနိုင်တဲ့အဖြစ်ဆိုး
ရောဂါအမျိုးမျိုးကြောင့်
နုလုံးခုန်သံတိုးအောင်
စက်အကူနဲ့နှိုးခဲ့ရ ။
ဥ ပါဒ် ဌီ ဘင် ကို
မုချ အပီအပြင် မမြင်
ဝေဒနာ ဆိုးကြားက
ဒေသနာကို ကြိုးစား
ဘာဝနာတရားနဲ့နိုးကြား
မှုန်ဝါးလိုက် ၊ ပီပြင်လိုက်နဲ့
ကြည်ဘ၀င်မခိုက်နိုင်တဲ့
ဟေမန္တဆောင်းဦး
မာယာတွေ အထူးထူးနဲ့ပါလား ။
နင်က မာယာဆောင်း
ငါက ငါ့အကြောင်းနဲ့
ဒီတစ်ခါအငိုက်မိလို့
အရှိုက်ထိခဲ့ပေမဲ့
နင့်ဗျာဓိအနာကို
ဘာဝနာသိစွာ
ငါဖယ်ခွာလို့ အနှိုင်နွှဲ
ယိုင်လဲရာကနိုးကြား
ခွန်အားများအသစ်နဲ့
လူသားအသစ် ပြန်ဖြစ်ခဲ့ပြီ
ငါပြန်လာပြီ မာယာဆောင်း ။
ဆောင်းဦးတစ်ချိန်က အရေးပေါ်ခန်းမှာ အသက်ကိုလုပြီး သတိပြန်ရတဲ့နေ့မှာ ဒီကဗျာကိုရေးခဲ့တာပါ
In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment