Professional Authors

ဒဏ်ရာဟောင်း

တစ်ခါတုန်းက
ရင်တွင်းစိုက်နစ် မြားတစ်စင်းကြောင့်
စည်းချက်ကျန ရင်ခုန်သံများ ပျောက်ရှဘူး၏

ဒဏ်ရာသဘာဝ တစ်ခဏ၌
ကျွန်တော်ခဏ လွင့်ခဲ့ဘူး၏…
တစ်ကိုယ်တည်း တည်ဆောက် ပျော်ရွှင်ခြင်းတို့ နှယ်…
အထီးကျန်စာပျော်မွေ့ ဖူးပြီ…

ရင်ခုန်သံသစ် ပြန်နိုးထချိန်
ဘ၀သစ်သို့ ရောက်ရန်အတွက်လည်း…
စိတ်သစ်လူသစ် မွေးခဲ့ပြီ…
သံယောဇဉ်သစ် ရစ်နှောင်ချည်ဖွဲ့ ….
တစ်ခဏ၌ အတိတ်ကဒဏ်ရာ ရေးရေးမြင်သည်…

မျှော်လင့်ခြင်းတို့ ကုန်ခမ်းပါစေ…
ဒီဘ၀ သစ်စိတ်သစ်တို့ အား…
တည်ငြိမ်ခွင့်လေး ရှိမြဲစွာဖြင့်…
နေထိုင်ပါရစေ…အချစ်ဝေးဝေး…..။။။။

In: ကဗျာ Posted By: Date: Jul 12, 2012
Comment #1

😛

commentinfo By: ei lay at Jul 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment