Professional Authors

လေမိထားတဲ့ လူ(မင်းလူန)

ပြောမရတဲ့ အဆုံး
အဆုံးထိမပြောတော့ ပဲထားခဲ့ တဲ့ စကားလုံးများ
နှစ်ခြိုက်ခြင်းအရသာတစ်ခုခုမှမရရင်
လူဟာရန်လိုမုန်းထားဖို့ 
အမြဲကြံစည်နေတက်တယ်
သင်ခန်းစာနံပါတ်ဘယ်လောက်မှန်းကိုမသိတော့ တဲ့ အခါ
ကိုယ့် စာမျက်နှာကိုယ်ပိတ်ပြီး
ခပ်တည်တည်လျှော်လဲရောထိုင်ရတဲ့ နေ့ ပျက်တွေနဲ့ 
ငါတို့ 
အသဲမှာအသမာတက်ခဲ့ ကြ။
ဘယ်တော့ မှမရိုးသားတော့ ပါဘူးလို့ ကျိန်ဆိုထားတဲ့ ဂီတလောက်
လောကထဲနေလို့ ထိုင်လို့ ကောင်းတာဘာရှိအုံးမှာလဲ
ခင်ဗျားသိတဲ့ အတိုင်း
အညစ်အကြေးကိုလျှော်ဖွပ်ရတာပိုပင်ပန်းတယ်လေ
အဲ့ ဒီတော့ 
ဖာဖာထေးထေးသုံးလို့ ရတာလေးနဲ့ ပဲ
ဘ၀ကိုလက်ချုပ်လိုက်ပြီး
နေ၀င်မဲ့ မနက်တွေမြိုချမိပြန်ရောမဟုတ်လား
ခတ်တယ်
မလွယ်တာကိုမှခတ်တယ်ခေါ်တာမဟုတ်ဘူး
ခတ်တာကိုခတ်တယ်လို့ ပြောတာ
ရင်ဖွင့် လို့ ရတဲ့ ခတ်ကိုရောက်ပြီဆိုပြီး
ရင်ပွင့် ခံခြင်ရင်တော့ 
မိုက်မိုက်ကန်းကန်းစကားလုံးတွေသာပြော
ခင်ဗျားသေချာတယ်
စိတ်အကြေခွံအထပ်ထပ်နဲ့ 
ဘာမှအဖတ်ဆယ်ဖို့ မကြိုးစားတာမှလူဆိုတဲ့ ခေတ်ထဲ
ကျုပ်
အမြဲလိုသင်းကွဲနေတယ်ဗျ

                                                        မင်းလူန

In: ကဗျာ Posted By: Date: Jul 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment