Professional Authors

စွမ်းအား(မင်းလူန)

အရေးကြီးတယ်ဆိုပြီး
ဖုတ်လူးပြာလူးခဲ့ ရတဲ့ ဆန္ဒများ
…………….
တစ်ယောက်ယောက်မှမသိသေးရင်
အမှားတစ်ခုဟာမှန်နေတက်သေးတဲ့ လောကမှာ
ကိုယ့် ကိုယ်ကိုယ်ညာတက်အောင်ကျင့် တယ်
အဲ့ ဒီတော့ 
လူရိုးတွေများသောဘုံစုတ်တစ်ခုဖြစ်လာတယ်ပေါ့ 
…………..
ဘာမှမဆိုင်ဘူးထင်ရတာတွေဟာ
စကြာဝဠာထဲမှာပဲ
အက်ကြောင်းထပ်ခဲ့ ရ
တစ်ကယ်လို့ 
အချိန်
နေရာနဲ့ အခြေအနေမပေးပဲနဲ့ 
တစ်ကယ်ရိုးသားရဲတဲ့ အခါ
ကမ္ဘာကိုသင်ကြိုက်သလိုစေခိုင်းလိုက်ပါ

                                                  မင်းလူန

In: ကဗျာ Posted By: Date: Sep 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment