Professional Authors

ပျောက်ဆုံးမှုများ

ထားလိုက်ပါ
ပြီးသွားတာလဲ ကြာပြီလေ
အမှတ်တရတွေ ရုပ်ကြွင်းဖြစ်ခဲ့ရ
ဘာကိုမှ မျှော်လင့်မထားတော့ပါဘူး…

သူမအတွက် ဆိုပြီး
အမှတ်တမဲ့ ရည်စူးမိတာရယ်
ညနက်နက်တွေတချို့မှာ
ပြာရီမှိုင်းမောက်
အိပ်ချိန် ပျောက်သွားတတ်တာရယ်
ဒါပါပဲကွယ်…

ဆုံးဆုံးစစတစ်ပိုဒ်အတွက် 
ဘယ်အိမ်မြှောင်လက်တံမှ 
လက်ထောက်မပြနိုင်တဲ့ ခရီးမှာ
ကိုယ်ချင်းစာ လိုက်ပါရဲ့..

အရုဏ်တွေပြန်ပြန်ပွင့်ခဲ့ကြ
နေ့စွဲတွေက 
ကဗျာယောင်ဆောင်ကြတယ်
ဘာပဲဖြစ်ဖြစ်လေ
အတိတ်တွေစွေတဲ့နာရီမှာ
သတိရစရာတွေနဲ့ နေခဲ့မှာပါ…

နောက်တစ်ခေါက်ဆိုတာ ရှိခဲ့ရင်
ဘယ်မိုးသောက်လင်္ကာမှာမှ
ရင်ခုန်သံကျမပျောက်စေရဘူး
ဦးဦးဖျားဖျား စကားတစ်ခွန်းအတွက်
တန်ရာတန်ကြေး ပေးတယ်ပဲမှတ်ပါရဲ့.. 

In: ကဗျာ Posted By: Date: Jul 10, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Jul 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment