မာနနဲ့ ကစား…အချစ်မှားသူ
မချစ်ဘူး…
နင့်ကို မုန်းတယ်
အပြုံးတွေနဲ့ ဟန်ဆောင်ထားတာ
နင်မှားတဲ့ စကားတစ်ခွန်းအတွက်
ကစားပွဲတစ်ခုပေါ့…
ကွဲလိုက်လေ…
နင့်အသည်း
တစ်စစီစုတ်ပြဲသွားတာမြင်ချင်တယ်
အကွက်ဆင် က ပြ
လှလှပပလေး…
အချိန်ကျပြီ
မာနကိုချခင်း
နင့်ကိုချေနင်းလိုက်ဖို့
ထိုက်တန်ပါတယ်
ငါ့ စိတ်ကြိုက်ပဲ…
ဘာလို့လဲ…
ငါ့ရင်ထဲမှာ နင်ရှိနေတာ
အသိတွေကတားလဲ
သနားစိတ်တွေပို
နင်ငိုရင် ငါငိုမိပြီကော….
ရီကြပါတော့
မေးငေါ့မယ့်လူတွေရယ်
ချစ်မိသွားတယ်ဆိုမှ
မာနတွေလဲပျောက်ကွယ်
ချစ်တယ်…
နင့်ကိုအရမ်းချစ်တယ်…
အပြစ်တစ်ခုပဲလား
အချစ်ကိုကစားမိတာ
ဘာနဲ့ များအလျော်ပေး
ကြေအေးလို့ ရပါ့မလဲ
ငါ့ရင်မှာ သွေးစို့နေပြီ…
ခုတော့လေ
မိုးတွေညို့ တိုင်း
အပိုင်းပိုင်းကွဲကြေ
မျက်ရည်စတွေနဲ့
နှလုံးသားပဲ့တင်သံ
လှိုက်ပြန်နေတဲ့စကားတစ်ခွန်း
တစွန်းတစများကြားမိရင်….
ချစ်…
တယ်….
ကို….
ကို့ …
ကို….
ချစ်…
တယ်……တဲ့……။
Comment #2
bar a chit le?
bar hma tan phoe ma htar tat de thu.
By: moe pyay at Oct 5, 2012
Comment #5
Wow..
Hit directly
By: ei lay at Jan 12, 2013




Comment #1
ခုတော့လေ
မိုးတွေညို့ တိုင်း
အပိုင်းပိုင်းကွဲကြေ
မျက်ရည်စတွေနဲ့
နှလုံးသားပဲ့တင်သံ
လှိုက်ပြန်နေတဲ့စကားတစ်ခွန်း
တစွန်းတစများကြားမိရင်….
ချစ်…
တယ်….
ကို….
ကို့ …
ကို….
ချစ်…
တယ်……တဲ့……။
….တထပ်တည်း….မို့..အားပေးတယ်…