Professional Authors

အလင်းပျောက်ငှက်

                       အလင်းပျောက်ငှက်

အဖော်မဲ့ငှက်တစ်ကောင်လိုပဲ
လွတ်လပ်စွာပျံသန်းနေနိုင်ပေမယ့်
နှစ်သက်ရာရင်ခွင်မှာ
နားခိုနိုင်ဖို့ ဆိုတာ….
မင်းဘ၀နေပျော်မယ်ဆို
ဖွင့်မပြောခဲ့တဲ့ စကားတစ်ခွန်းအတွက်
တန်ဖိုးကြီးကြီးပေးဆပ်ရပါစေ
ငါတွေဝေမနေဘူး
ပျော်ရွှင်ကြည်နူးခွင့်က
မင်းအတွက်ပါ ချစ်သူ………….
ပြောကြတယ်…အချစ်ဟာ မီးလိုပူတယ်တဲ့ …
ဒါပေမယ့်….
အမှောင်တွေနဲ့ ငါ့ဘ၀အတွက်တော့
အလင်းရောင်ဟာ အဓိကမို့ 
ဘယ်လိုမီး   တောက်လောင်ပါစေ
ငါလေ..ကျေနပ်တယ်…..။          ။

                                                       မင်းအိမ်

In: ကဗျာ Posted By: Date: Sep 26, 2011
Comment #1

အမှောင်တွေနဲ့ ငါ့ဘ၀အတွက်တော့
အလင်းရောင်ဟာ အဓိကမို့ 
ဘယ်လိုမီး တောက်လောင်ပါစေ
ငါလေ..ကျေနပ်တယ်…..။ ။
ကောင်းတယ်ဗျာ

Comment #2

အမှောင်တွေနဲ့ ငါ့ဘ၀အတွက်တော့
အလင်းရောင်ဟာ အဓိကမို့ 
ဘယ်လိုမီး တောက်လောင်ပါစေ
ငါလေ..ကျေနပ်တယ်…..။ ။

commentinfo By: အသဲကွဲမိုး at Sep 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment