Professional Authors

ခဏခဏငိုကြွေးခဲ့ ရသောအခါ(မင်းလူန)

ဘယ်နှစ်ပုဒ်မှန်းမသိအောင်ဖတ်ဖူးတဲ့ 
အချစ်ကဗျာတွေ
နှလုံးသားထဲက
တွန့် ကြေကြွေကျ
နွေညတွေဖြစ်ခဲ့ ရပါတယ်မေ……….
ချစ်ခြင်းဟာဘယ်တုန်းကမှချိုမြိန်ခြင်းမရှိ
နမိတ်ပုံဆန်တဲ့ ရှေ့ ပြေးပြယုဂ်အဖြစ်
ဆယ်ကျော်သက်ဘ၀ကလဲ
ဘာမှန်းမသိပဲအသည်းကွဲခဲ့ ရဖူးတယ်
ဈေးကွက်မှာရှာလို့ မရဆုံးဟာ
အဲ့ ဒီရှားပါးပစ္စည်းပဲမဟုတ်လား
မင်းပါးစပ်ဖျားမှာတော့ 
ချစ်ခြင်းနဲ့ သီကျူးတဲ့ တေး
ဖါးထေးဖေါက်ချုပ်
ပုံစံစုံကိုလုပ်ထားလိုက်တာပဲနော်
××××××××××××
လူတို့ 
ချစ်ကြကုန်သောအခါ
ကန်းသွားတက်သောစကားပုံလို
ငါ့ မှာ
အယောင်ယောင်အမှားမှားနဲ့ ဖမ်းဆုပ်မိတဲ့ 
ဝေဒနာအစအနတွေ
ရင်ဘက်ထဲခုထိ
ပြန့် ကြဲ
…………………….မင်းလူန

In: ကဗျာ Posted By: Date: Jan 10, 2012
Comment #1

……………………..
…………………….
ရင်ကိုတဲ့တဲ့…ထိရှစေသော…………..

commentinfo By: အသဲကွဲမိုး at Jan 10, 2012
Comment #2

အကို…ကောင်းတယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 10, 2012
Comment #3

အကို … ကောင်းတယ်ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 10, 2012
Comment #4

so nice

commentinfo By: ei lay at Jan 10, 2012
Comment #5

အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: yaewintaung at Jan 10, 2012
Comment #6

ကဗျာက စကားလုံးအထက်တွေနဲ့ဘဲဗျ
ဖတ်ရတာ တကယ်အသက်ဝင်တယ်
အားပေးသွားကြောင်းပါ ~~~

commentinfo By: X - ray at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment