Professional Authors

အသဲကွဲစာတမ်း……………………(၁)မင်းလူန

မေ…………
ကြည့် ပြီးသားပြဇာတ်ရဲ့ ဇာတ်ရှိန်ကိုနောက်တစ်ခေါက်ထပ်ခံစားဖို့ ဆိုရင်တောင်ဇာတ်သိမ်းကိုကြိုသိနေသူမို့ အရသာပြည့် ဝနိုင်မှု့ ရှိနိုင်ပါတော့ မလား။
နှလုံးသားမှာဒဏ်ရာပရပွနဲ့ ငါ့ လျှောက်တဲ့ လမ်းတိုင်းမှောင်နေသလိုခံစားမိနေချိန်မှာတော့ 
လူတွေရဲ့ သဘာဝအတိုင်းငါလဲအားငယ်မိခဲ့ တာပါပဲ
အတိတ်ကိုပြန်တွေတက်တဲ့ မှတ်ဥာဏ်မပါခဲ့ ရင်သမိုင်းဘာသာရပ်တွေလဲအသုံးမ၀င်နိုင်တော့ ပါဘူးနော်
အခုတော့ ငါ့ သမိုင်မှာထီးထီးကြီးမင်းမူနေသူကမင်းပါ……….မေရေ
မေ့ လိုက်ပါတော့ လို့ ပြောတဲ့ မင်းစကားလုံးတွေရဲ့ လေယူလေသိမ်းတွေတောင်မမေ့ နိုင်ခဲ့ သေးဘူး။။။။။။။
တိုက်ဆိုင်မှု့ ရှိမှသတိရဖို့ ဖြစ်လာတာမှန်ပေမဲ့ 
တစ်ခါတစ်လေတိုက်ဆိုင်မှု့ ကိုငါကိုယ်တိုင်လိုက်ရှာနေတုန်းပါပဲ
မင်းကိုလွမ်းဖို့ ဆိုပြီး
ငါ့ ရင်ကိုခံနိုင်ရည်တစ်ခုခုနဲ့ ကျားကန်နေရဆဲ
ဒါနဲ့ တောင်တခါတလေယိမ်းထိုးလို့ ကနေတဲ့ ငါ့ ခံစားမှု့ ကဗ္ပလာထက်မှာမင်းက
ခမ်းခမ်းနားနားရှိနေဆဲ………………
ငါ့ ရင်ဘတ်ကိုလူမြင်မခံရဲဘူးမေ………………………
ငါ့ ကိုသနားတဲ့ မျက်လုံးတွေနဲ့ ကြည့် မှာကြောက်တယ်။
ဒါပေမဲ့ ခုထိငါက
သနားစရာကောင်းလောက်အောင်ဖြစ်နေရဆဲ
မေရေ…………………
လွမ်းရဲလို့ လွမ်းနေတာမဟုတ်ဘူး
လွမ်းလို့ ကိုလွမ်းနေရတာ။။။။။။။။။
အဲ့ ဒါတောင်မကျေနပ်လို့ ဆွေးအောင်ဖန်
ဝေအောင်ကန်ခဲ့ တယ်နော်………………
ပိုင်ဆိုင်မှု့ ဂုဏ်ရှိန်ဝါ
သေးသိမ်တဲ့ ငါကမ္ဘာမှာ
အကြီးမှာဆုံးဆုံရှုံးမှု့ တွေကတော့ အမြဲတမ်းထည်ဝါနေကျပါပဲမေ……………..
………………………………………………………………………………………..

                                                                                                    မင်းလူန

In: ကဗျာ Posted By: Date: Sep 9, 2010
Comment #1

မေရေ…………………
လွမ်းရဲလို့ လွမ်းနေတာမဟုတ်ဘူး
လွမ်းလို့ ကိုလွမ်းနေရတာ။။။။။။။။။
အဲ့ ဒါတောင်မကျေနပ်လို့ ဆွေးအောင်ဖန်
ဝေအောင်ကန်ခဲ့ တယ်နော်………………
ပိုင်ဆိုင်မှု့ ဂုဏ်ရှိန်ဝါ
သေးသိမ်တဲ့ ငါကမ္ဘာမှာ
အကြီးမှာဆုံးဆုံရှုံးမှု့ တွေကတော့ အမြဲတမ်းထည်ဝါနေကျပါပဲမေ……………..
………………………………………………………………………………………..

commentinfo By: အသဲကွဲမိုး at Feb 10, 2011
Comment #2

ထိတယ်ဗျာ ဒီရင်ကို … ဒက်ခနဲပဲ …

commentinfo By: eintmyat at Apr 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment