အေသင်ရယ် ငါရယ် ကဗျာတွေရယ်
ပျောက်ဆုံးသွားခဲ့ပြီ….
အလင်းရောင်တွေမဲ့တဲ့…..
အဓိပ္ပါယ်မဲ့ မျက်ဝန်းတစုံနဲ့….
လောက ကို ခြေဆန့်နေခဲ့တယ်….
ရပ်တန့်နေဆဲ နာရီတွေနဲ့….
လွန်မြောက်သွားတဲ့ စက္ကန့်တွေကြား….
ဟိုသွားဒီသွားနဲ့….
ဘ၀ကို ကျော်ဖြတ်ခဲ့တယ်….
ငါရှင်သန်နေခဲ့တယ်…..
အသက်မဲ့နေတဲ့ ၀ိဥာဉ် တစုံနဲ့….
ရပ်ဆိုင်းသွားခဲ့တဲ့ နှလုံးခုံသံတွေကြား….
ရင်ခုန်သံ ကာရံတွေကို စူးစမ်းရင်း….
အသိဆိုတာကို မေ့လျော့နေခဲ့တယ်….
တစ်ယောက်ပြီးတစ်ယောက်….
သေဆုံးသွားခဲ့တယ်….
တစ်ဖြောက်ပြီး တစ်ဖြောက်….
မိုးစက်လေးတွေ ကြွေသွားခဲ့တယ်….
ကျန်နေခဲ့တာ ဘယ်သူလဲ….
မေးခွန်းထုတ်နေလေရဲ့….
၂၀ ပြီးတော့ ၂၁….
ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်
ရာစုနှစ်တွေ Change သွားပေမဲ့….
ဝါးပင်တွေကတော့….
လေသင့်တိုင်းယိမ်းနေတုန်းပါပဲ….
ရည်မှန်းချက်တွေဆွဲ….
ဆုံးဖြတ်ချက်တွေချ….
လောကကို တက်စီး….
ကံကို လှောက်တက်လုပ်ပြီး….
သံသရာ ခရီးကို….
ဘာလို့ လူတိုင်း ဆက်သွားနေတာလဲ….
ခက်ပြီ ခက်ပြီ….
မရေရာတွေများ….
မေးခွန်းတွေကို ပွေ့ထားတဲ့….
ငါလို ကဗျာသမားတွေကို….
လူတွေက ပြုံးပြီး တိုးတိုးလေးပြောကြတယ်….
သူက ရူးနေတာလားတဲ့….
ခံစားနိုင်ပါတယ်….
ငါ့ကဗျာတွေကို….
ဝေဖန်နိုင်ပါတယ်….
ငါ့ကဗျာတွေကို….
ဒါပေမဲ့……..
ရူးသွပ်စွာနဲ့ မခံစားမိပါစေနဲ့….
တစ်လမ်းဝင်တစ်လမ်းထွက်….
မီးတွေ ပျက်နေလေတဲ့….
အေသင်မြို့ပျက်ရဲ့ လမ်းမထက်မှာ….
ဘ၀ပျက်နေတဲ့ ငါလိုလူသားအတွက်….
အဖြေက ရှင်းပါတယ်….
ကဗျာတွေသာ ဆက်ရေးပါတော့တဲ့….
by
အဓိပ္ပါယ်မဲ့
Comment #3
ဟုတ်.ပါတယ် ..အကြိုက်ဆုံးအပိုဒ်ပါ ကျွန်တော်အားပေးသွားပါတယ်
By: အသဲကွဲမိုး at Jun 23, 2012
Comment #5
ရပ်တန့်နေဆဲ နာရီတွေနဲ့
လွန်မြောက်သွားတဲ့ စက္ကန့်တွေကြား
ဟိုသွား ဒီသွားနဲ့
ဘဝကို ကျော်ဖြတ်ခဲ့တယ်
ရှယ် အလုံးတွေဘဲဗျ
ဖတ်သွားပါတယ် ~~
By: X - ray at Jun 23, 2012
Comment #6
စာသားနဲ့..အတွေးကတော့ရှယ်ပဲဗျာ…..
ခေါင်းစဉ်ကလည်းဆွဲဆောင်မှုရှိတယ်………..ကြိုက်တယ်ဗျ
ခံစားအားပေးသွားပါတယ်….
By: poem.poem28 at Jun 23, 2012
Comment #9
မေကတော. အကုန်ကြိုက်တယ် မိုက်တယ်
By: May at Jun 24, 2012
Comment #10
တစ်ယောက်ပြီးတစ်ယောက်….
သေဆုံးသွားခဲ့တယ်….
တစ်ဖြောက်ပြီး တစ်ဖြောက်….
မိုးစက်လေးတွေ ကြွေသွားခဲ့တယ်….
ကျန်နေခဲ့တာ ဘယ်သူလဲ….
မေးခွန်းထုတ်နေလေရဲ့….
၂၀ ပြီးတော့ ၂၁….
ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်
ရာစုနှစ်တွေ Change သွားပေမဲ့….
ဝါးပင်တွေကတော့….
လေသင့်တိုင်းယိမ်းနေတုန်းပါပဲ….
အဲ့မှာ အဓိပ္ပါယ်တွေ…အများကြီးပါတယ်ထင်တယ်…. အဓိပ္ပါယ်မဲ့ ခံစားချက်ကို အရမ်းပေါ်လွင်စေတယ်…၊
အရမ်းကြိုက်တယ်………. ထပ်ရေးပါဦး… ဖတ်ခဲ့သမျှကဗျာထဲမှာ အဓိပ္ပါယ်မဲ့ ကဗျာ နှစ်ပုဒ်ကို အကြိုက်ဆုံးပဲ
By:ှShwe Yi at Jun 24, 2012
Comment #11
ငါရူးများသွားပြီလား………… အဓိပ္ပါယ်မဲ့ရယ်……..
အရမ်းခံစားခဲ့ရလို့ပါ………. 😀 😀 😀 😀
အမြဲအားပေးနေတယ်…………….
By: Ko Si at Jun 24, 2012
Comment #12
ခု လို့……….. အားပေးကြတဲ့ ကဗျာရှင်များ ကလောင်ရှင်များကို အရမ်းပဲကျေးဇူးတင်ပါတယ်……
By: အဓိပ္ပါယ်မဲ့ at Jun 24, 2012
Comment #13
အရမ်းကောင်းတယ်……….အရမ်းလဲမိုက်တယ်………….
By: kaykay at Jun 26, 2012
Comment #15
🙂
🙂
🙂
By: ei lay at Sep 27, 2012
Comment #16
အဓိပါယ်မဲ့ရဲ့ ကဗျာတွေကို ခုမှသေချာ ပြန်ဖတ်နေမိတယ်..
ကလောင်ရှင် ၂၀၀၀ လောက် အားပေးသွားခဲ့တဲ့ ဒီကဗျာလေးကို ပိုပီးတော့အသေးစိတ်ဖတ်မိတယ်..
အရမ်းကြိုက်တယ်…
စာသားတွေက ကဗျာရှင်တယောက်ရဲ့ ဘ၀ နဲ့ လူ့လောက ဆိုတာကို သေချာ သရုပ်ဖော်သွားခဲ့တယ်…
ပျောက်ဆုံးသွားခဲ့ပြီ….
အလင်းရောင်တွေမဲ့တဲ့…..
အဓိပ္ပါယ်မဲ့ မျက်ဝန်းတစုံနဲ့….
လောက ကို ခြေဆန့်နေခဲ့တယ်….
ရပ်တန့်နေဆဲ နာရီတွေနဲ့….
လွန်မြောက်သွားတဲ့ စက္ကန့်တွေကြား….
ဟိုသွားဒီသွားနဲ့….
ဘ၀ကို ကျော်ဖြတ်ခဲ့တယ်….
ငါရှင်သန်နေခဲ့တယ်…..
အသက်မဲ့နေတဲ့ ၀ိဥာဉ် တစုံနဲ့….
ရပ်ဆိုင်းသွားခဲ့တဲ့ နှလုံးခုံသံတွေကြား….
ရင်ခုန်သံ ကာရံတွေကို စူးစမ်းရင်း….
အသိဆိုတာကို မေ့လျော့နေခဲ့တယ်….
အကြိုက်ဆုံး အပိုဒ်လေးပါ… အမြဲတမ်း ခံစားအားပေးနေပါတယ်
By: Zin Mar at May 12, 2013




Comment #1
တစ်ယောက်ပြီးတစ်ယောက်….
သေဆုံးသွားခဲ့တယ်….
တစ်ဖြောက်ပြီး တစ်ဖြောက်….
မိုးစက်လေးတွေ ကြွေသွားခဲ့တယ်….
ကျန်နေခဲ့တာ ဘယ်သူလဲ….
မေးခွန်းထုတ်နေလေရဲ့….
၂၀ ပြီးတော့ ၂၁….
ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်
ရာစုနှစ်တွေ Change သွားပေမဲ့….
ဝါးပင်တွေကတော့….
လေသင့်တိုင်းယိမ်းနေတုန်းပါပဲ…