Professional Authors

မနက်ဖြန်

ဝိုးတ၀ါးမြင်လိုက်တဲ့ အလင်းတန်းနဲ့

ကြယ်ကြွေတာနဲ့

မှားပြီး ဆုတောင်းမိတဲ့ လူတယောက်….


 ကာလသုံးပါးကို မသိ

အပါယ်လေးပါးကို မသိ

ရောက်လေရာ အရပ်မှာ

အရှေ့အရပ်ကို သိဖို့

တညကုန်ရတဲ့ လူတယောက်…..

 

အမြဲတမ်း သုံးကြိမ်မြောက်အပြစ်ကိုပဲ ကျူးလွန်သူ

ဒုတိယမှားတဲ့သူ ကိုယ်ဖြစ်ပါရစေဆိုတဲ့ ဆုတောင်းနဲ့ပြည့်သူ

သတ်ပုံကျမ်းဆောင်ထားမှ ကဗျာရေးလို့ရတဲ့သူ

မှားပြီလို့ ခဏ ခဏညည်းပြီး အမှန်ကို တခါမှ မပြင်ဖူးသူ

အဲ့လိုလူတယောက်နဲ့ သူ့ရဲ့ မနက်ဖြန်…………

 

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment