Professional Authors

မနက်ဖြန်

မနက်ဖြန်၊
မနက်ဖြန်၊
မနက်ဖြန်

ငါတို့ ချောင်ပိတ်ရိုက်ခံရသလို
နေ့တိုင်းမြည်တမ်းနေကြတယ်

ငါဆို နောက်ဆုံးပြောတာ
မကြာသေးခင်ကပဲ

“မနေ့ကငါတို့အတွက်ပိုကောင်း

ခဲ့တယ်”
ဒါအရူးတစ်ယောက်ရဲ့စကားပေါ့

မီးစာကုန် ဆီခန်းနေတဲ့ အရာတွေထဲမှာ
ဘဝဆိုတာလမ်းလျှောက်နေတဲ့အရိပ်တစ်ခုလိုပဲ

သနားစရာကောင်းတဲ့ သရုပ်ဆောင်တွေ
သူ့ရဲ့နောက်ဆုံးအချိန်ကို
ဇာတ်ခုံပေါ်မှာဖြက်သန်းလို့

ပြီးသွားတော့လဲ
ဘယ်သူမှပြန်မပြောတော့တဲ့
ပုံပြင်တစ်ပုဒ်လိုပဲ

ဘာမှန်းမသိအောင်သွေးပျက်မိတယ်

In: ကဗျာ Posted By: Date: Jul 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment