Professional Authors

အလင်း ဆက်ကြောင်း

အပြုံးတွေမလတ်ဆတ်မှတော့

ငိုမနေချင်တော့ဘူး …

ရင်တစ်ခုလုံး မွစာကြဲမှသိလိုက်ရတာ

ဘ၀က ဒါပါပဲတဲ့ ။

 

တကိုယ်စာထွက်ပေါက်

ကျဉ်းသည်ကျယ်သည်

အရေးကြီးမနေတော့ပါဘူး

ဒီညရဲ့ … ငါ့လက်မှတ်

နောက်ဆုံးတန်းမှာပဲ ။

 

ချဉ်စုတ်စုတ်အလင်းတန်းနဲ့

ညဥ့်ငှက်တို့ဂီတ

တကိုယ်ရည်ခါးရသည့်

ညစွဲများအကြောင်း

ငါ… ပြောရင် ယုံ….. ။

 

 

အိမ်အ၀င်ဝဖိနပ်ချွတ်မှာထားခဲ့တဲ့

မာန …ဘယ်တနေရာမှသုံးမရလဲ

ဘယ်တော့မှ မလိမ္မာချင်တော့တဲ့ကောင် ။

 

အိပ်မက်တခုစွဲလန်းခြင်းမှာ

အမှောင်တို့ကသိပ်သည်း

ကျောပိုးအိတ်ထဲက

ကိုယ်တိုင်နားမလည်နိုင်သေးတဲ့

ကျမ်းစာကြီးတအုပ်ကိုဖွင့်

နွေလေရူးကိုမေးခွန်းထုတ်မိတယ် …

………….

ဘယ်သူသေချာသိလို့လဲ

လူမိုက်တွေ မလင်း နိုင်ပါဘူးလို့ … … ။

 

ညကကြိုးကိုမှ

အမဲလိုက်ရက်သူတွေ

သိစေချင်တယ်

အတ္တပြေးလမ်းရဲ့ပန်းတိုင်

ဘယ်လိုရနံ့ ရှိနေတယ် ဆိုတာ ။

In: ကဗျာ Posted By: Date: Jun 15, 2012
Comment #1

ကျွန်တော်နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 15, 2012
Comment #2

ညကကြိုးကိုမှ

အမဲလိုက်ရက်သူတွေ

သိစေချင်တယ်

အတ္တပြေးလမ်းရဲ့ပန်းတိုင်

ဘယ်လိုရနံ့ ရှိနေတယ် ဆိုတာ ။

commentinfo By: sone.pyuu at Jun 15, 2012
Comment #3

ဘယ်သူသေချာသိလို့လဲ

လူမိုက်တွေ မလင်း နိုင်ပါဘူးလို့ … … ။
……………………………………
အားပေးသွားပါသည်။

commentinfo By: နွေ at Jun 5, 2013
Comment #4

🙂

commentinfo By: ei lay at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment