Professional Authors

…….. လက်ကျန် လမ်းခွဲ …….

…….. လက်ကျန် လမ်းခွဲ …….
:
:
:

ဒါက… ကစားပွဲလား…?

မကောက်မကျစ်ပဲ စိတ်ကို တစ်ချပ်ခြင်း ဆွဲ

အရိုးချင်းထပ်ရိုက်လိုက်ကြရအောင်ပါ…..

ဒီပွဲမှာ …

မျဉ်းပြိုင်ဆိုရင်တောင် ငါ့နံရိုးတစ်ချောင်းကို တံတားထိုး

နင့်ကိုရအောင် ကြိုမယ်… ကောင်မလေး..

ဒီပွဲမှာ…

လျှောက်လာမယ်ဆို လမ်းကို လေးစားပါ…..

ဒါက နတ်ရေးတဲ့ ဖူးစာ မဟုတ်လေတော့

ဇတ်သိမ်းမကောင်းရင် နင်လဲ ဗီလိန် ဖြစ်နိုင်တယ်လေ…

ဒီပွဲမှာ…

ကံတိုက်ပဲ ဆက်ကစားမယ်ဆို

မျက်နှာဖုံးကို ခွာလိုက်ပါ..

ဒါမှ ခေတ်ပေါ်လိမ်လည်မှုကို အရသာရှိရှိ

သုံးဆောင်လို့ ရနိုင်မယ်လေ..

ဒီပွဲမှာ…

နင် နဲ့ ငါ .. လမ်းခွဲဖို့အတွက်ချစ်ခဲ့ကြတယ်..

ခါတိုင်းထက် အေးတယ်ဆိုတာ… ငါ့အတွက်ကတော့ ရိုးလွန်းတယ်

မနက်ဖြန်အတွက် မပြောနဲ့… နောက်တစ်နာရီအတွက် စဉ်းစားခြင်းမရှိဘူး

ငါ့စိတ်ကူးက အဲသလို အစွန်းရောက်တယ်

ဒီပွဲ မှာ …

နောက်တစ်ခါ ငါပြုံးတာမြင်ရင်

မုန်းဖို့ဆိုတာ..ကိုတော့…. နင်မှတ်ထားပါ… ကောင်မလေး..

:
:

ငါကတော့ ကိုယ့်ဘ၀နဲ့ကိုယ် တောက်ထုတ်လိုက်တဲ့

စိတ်ရဲ့ သောက်လက်စ … စီးကရက် လိုပဲ…

ပစ်ချခံခဲ့ရပေမယ့် .. လှလှပပ လောင်ကျွမ်းပြနေအုံးမယ်…

.
.
.
.
.
.
SaTaN

In: ကဗျာ Posted By: Date: Nov 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment