နှုတ်ဆက်အနမ်းနဲ့ အသည်းတစ်ခြမ်းရဲ့လမ်းခွဲ
ကြံရာမရတဲ့ မျှော်လင့်ချက်တွေနဲ့
အသက်မ သေခင်အထိတော့
လွမ်းနေရှာတော့မယ်….၊
နင်ထားခဲ့တဲ့ ငါ့အတွက်အမှတ်တရတစ်ခုက
အခုမှ အဆိပ်တတ်နေတယ်…။
မတတ်ရပ်နေတဲ့ ခြေအစုံက
နင့်ကိုလွမ်းတယ်ဆိုပြီး
ငါ့ကိုလာပြောနေတယ်..၊
သူတို့ကို နှစ်သိမ့်ဖို့အနေသာ
ငါကိုယ်တိုင် ယိုင်တိုင်တိုင်ဖြစ်နေတယ်လေ…။
ညနေခင်းဆညးဆာတစ်ခုက 
သိပ်လှနေပါတယ်…၊
အဲဒီရှင်နေမင်း ဝင်သွားလေရင်
တစ်နေကုန်ပြီမို့ 
နောက်တစ်နေ့ နင်ပြန်လာပါ့မလားနဲ့
မှောက်မှားတဲ့ စိတ်သောကတွေက
ငါ့ကို နှိပ်စက် နေလေရဲ့…။
အသည်းတစ်ခြမ်းပဲရှိတော့တာပါလို့
ငါသေချာပြောရဲ့သားနဲ့
ရှိတဲ့ အသည်းတစ်ခြမ်းပဲလိုချင်တာပါတဲ့..၊
ငါပေးတော့လည်း နင်တန်ဖိုးမထားပါဘူး
တစ်ခြား သာရာတွေ့ လေတော့မှ
ငါကို အနမ်းတစ်ပွင့်ပဲ ရော်ကြေးပေးသွားတယ်..၊
တကယ်တော့…
နင့်ပေးတဲ့ အနမ်းလေးက
အသည်းတစ်ခြမ်းအတွက်
လမ်းခွဲအမှတ်တရ ဖြစ်ခဲ့ပါတယ်..။
အခုတော့ _ _ _ _ လေးက
နှုတ်ဆက်ခြင်းရဲ့ လက်ကမ်းစာစောင်တစ်ခုပေါ့နော်…..။
Comment #3
အသည်းတစ်ခြမ်းပဲရှိတော့တာပါလို့
ငါသေချာပြောရဲ့သားနဲ့
ရှိတဲ့ အသည်းတစ်ခြမ်းပဲလိုချင်တာပါတဲ့..၊
ငါပေးတော့လည်း နင်တန်ဖိုးမထားပါဘူး
တစ်ခြား သာရာတွေ့ လေတော့မှ
ငါကို အနမ်းတစ်ပွင့်ပဲ ရော်ကြေးပေးသွားတယ်..၊
တကယ်တော့…
နင့်ပေးတဲ့ အနမ်းလေးက
အသည်းတစ်ခြမ်းအတွက်
လမ်းခွဲအမှတ်တရ ဖြစ်ခဲ့ပါတယ်..။
အားပေးသွားခဲ့ပါတရ်.. ကိုရဲသူ… Jilyi အကြိုက်ဆုံးစာသားလေးပါ..
                        By: Jilyi at Jul 25, 2011
                    Comment #4
အသည်းတစ်ခြမ်းပဲရှိတော့တာပါလို့
ငါသေချာပြောရဲ့သားနဲ့
ရှိတဲ့ အသည်းတစ်ခြမ်းပဲလိုချင်တာပါတဲ့..၊
ငါပေးတော့လည်း နင်တန်ဖိုးမထားပါဘူး
တစ်ခြား သာရာတွေ့ လေတော့မှ
ငါကို အနမ်းတစ်ပွင့်ပဲ ရော်ကြေးပေးသွားတယ်..၊
ဟာ…….ကြိုက်တယ်ဗျာအားပေးသွားပါတယ်။
                        By: poem.poem28 at Jul 25, 2011
                    Comment #6
မြန်မာစာကိုတန်ဖိုးထားတဲ့ သူက သတ်ပုံမှားမယ်တော့မထင်ဘူးနော် (ဘာပဲပြောပြော ကဗျာရဲ့ အရေးအဖွဲ့ စွမ်းရည်ကိုတော့ ကောင်းတယ်လို့ပြောချင်တယ်)း)
                        By: မိုးသစ်လေပြေ at Aug 1, 2011
                    Comment #7
သတ်ပုံမှားတာမမှားတာထက် အတွေးမှားဖို့က သာ အဓိကပါ ညီလေးမိုးသစ်..၊
အစ်ကိုက မော်ဒန်ကဗျာကို မုန်းသူမဟုတ်ပါဘူး…။
ကဗျာတိုင်းကို ချစ်တတ်ပါတယ်..၊ မင်းတို့လည်း ကဗျာတိုင်းကို ချစ်တတ်ဖို့မျှော်လင့်ပါတယ်….။
ကျေးဇူးတင်ပါတယ် ညီလေး မိုးသစ်လေပြေ..။
                        By: ဆည်းဆာ at Aug 2, 2011
                    



 
Comment #1
ကြံရာမရတဲ့ မျှော်လင့်ချက်တွေနဲ့
အသက်မ သေခင်အထိတော့
လွမ်းနေရှာတော့မယ်….၊
နင်ထားခဲ့တဲ့ ငါ့အတွက်အမှတ်တရတစ်ခုက
အခုမှ အဆိပ်တတ်နေတယ်…။