Professional Authors

တနှစ်တခါလွမ်းခြင်း… (မင်းကိုချစ်တဲ့သူ)

ကုန်ခဲ့ပြန်ပြီ
အဓိပ္ပါယ်ရှိတဲ့ အချိန်တွေ
အခုတော့ နယ်နှင်ဒဏ်ခံရတဲ့လူတွေလို
ရှေ့ဆက်ရမဲ့ ရက်တွေကတော့
ခပ်ညံ့ညံ့ကော်ဖီကို သောက်နေရသလိုပဲ…

တွေဆုံခဲ့ပါတယ်
ပိုးသားလေကြောင်းအကူနဲ့
ပလောင်ဆူနေတဲ့ရင်ကို ကုစားဖို့
သူ့အပါး ခစားခဲ့တယ်
ပြောမပြတတ်တဲ့ ပျော်ရွင်မှုတွေနဲ့ပေါ့….

စိတ်ချနေပါ
ဟောင်းသွားပေမယ့် မနွမ်းခဲ့ဘူး
ပြောင်းလဲခြင်းနိယာမကို အံတုလို့
လိုရာဆုတောင်းဖြစ်ခဲ့တယ်
ဘယ်တော့မှ ဆန္ဒနဲ့ဘ၀တထပ်ထဲကျမလဲ…

ယုံကြည်ပေးပါ
တွေ့ မှထုတ်သုံးဖြစ်တဲ့ အပြုံးတွေဟာ
စမ်းသပ်စရာမလိုအောင် စစ်မှန်ခဲ့ပါတယ်
ကံကြမ္မာနဲ့ လောင်းတဲ့ပွဲမှာ
ငါ့ဖက်မပါနိုင်တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်…

နှုတ်မဆက်ခဲ့ပါ
မနက်ဖြန်မရှိတဲ့ အချိန်တွေနဲ့
အတူတူ ခရီးဆက်ချင်ခဲ့သူပါ
ဒါပေမယ့် ဘ၀ဆိုတဲ့အရာကလဲ
အစီအစဉ်မကျခြင်းတွေကို
အစီအစဉ်တကျ ဖန်တီးထားလို့
ခဏတော့ ထပ်ခွဲရစမြဲပေါ့…

 

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

1 khar hma ma paung phu tar,,,1 khar lout dot paung se say chin par de,,
san da ne ba wa 1 htet de kya par say naw

commentinfo By: ei lay at Feb 16, 2012
Comment #2

ယုံကြည်ပေးပါ
တွေ့ မှထုတ်သုံးဖြစ်တဲ့ အပြုံးတွေဟာ
စမ်းသပ်စရာမလိုအောင် စစ်မှန်ခဲ့ပါတယ်
ကံကြမ္မာနဲ့ လောင်းတဲ့ပွဲမှာ
ငါ့ဖက်မပါနိုင်တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်…

နှုတ်မဆက်ခဲ့ပါ
မနက်ဖြန်မရှိတဲ့ အချိန်တွေနဲ့
အတူတူ ခရီးဆက်ချင်ခဲ့သူပါ
ဒါပေမယ့် ဘ၀ဆိုတဲ့အရာကလဲ
အစီအစဉ်မကျခြင်းတွေကို
အစီအစဉ်တကျ ဖန်တီးထားလို့
ခဏတော့ ထပ်ခွဲရစမြဲပေါ့…

commentinfo By: kantkawmg at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment