Professional Authors

အနောက်ဖက်တံခါးဆီမှ ငြီးညူသံများ (သို့ ) ရခိုင်တိုင်းဒေသကြီး

ဒီလိုနဲ့ အမှောင်ထုဟာ ဖြည်းညင်းစွာ
ယောင်ကိုင်းလို့ လာတယ်
သူငယ်ချင်းရေ….
ငါဘာမှမမြင်ရတော့ဘူး
အနက်ရောင်တိမ်တိုက်တွေအုံ့ စိုင်းနေပြီ
မသိချင်ဘူး လူမျိုးရေးအကြောင်း
ဖြူတာမည်းတာ ငါမသိ
ငါ့အမျိုးကိုတော့ ငါချစ်တယ်
ငါတို့ ဓလေ့ဟာ မီးခဲပြာဖုံးမဟုတ်ခဲ့ဘူးလေကွာ
ငါတို့ စရိုက်၊ ငါ့တို့ အကျင့် ၊ငါတို့ သိက္ခာ
ငါတို့ ဘာသာ ၊ ငါတို့ ယဉ်ကျေးမှု၊
ငါတို့ စာပေ ၊ငါတို့ သာသနာ
ကမ္ဘာတခွင်သိမ့်သိမ့်တုန်ပြီးသား ။

နောက်နေ့ တွေအတွက်
ရင်လေးနေရတဲ့ သူငယ်ချင်းရေ
ငါတို့ ရဲ့  အိပ်စက်ခြင်းဟာ
ကောင်းသောအိပ်စက်ခြင်းလို့ မယူဆပါနဲ့ 
ငါတို့ ရဲ့  စားသောက်နေခြင်းဟာ
ကောင်းသောမျိုကျခြင်းမဟုတ်ခဲ့ဘူး
ငါတို့ ရဲ့ အေးချမ်းစွာနေထိုင်နိုင်ခြင်းတွေဟာ
လိပ်ပြာမလုံသောတည်ငြိမ်ခြင်းမဟုတ်ခဲ့ဘူး
သေရာပါတော့မယ့် ဒဏ်ရာတွေနဲ့ 
ငါတို့ အိမ်ကလေး မီးလောင်ပြင်ထဲမှာ
သိမ်ငယ်နေရရှာပြီ
ဘယ်သူတွေလဲ ဘယ်က ပယောကလဲ
ငါမသိပါရစေနဲ
အာခေါင်ခြစ်လို့ အော်လိုက်ချင်တယ်
ကယ်တင်ပေးကြပါ ……

ကယ်တင်ပေးကြပါနော်
ငါတို့ ညီအစ်ကိုလျော့သွားလို့ မဖြစ်ဘူး
နောက်ကျောမလုံတဲ့ အဖြစ်
သူငယ်ချင်းရေ….နေနိုင်ရက်သလားဗျာ
အနောက်ဖက်ခံတပ်လျော့ရဲရဲ ဖြစ်နေရှာပြီ
အဖြူရောင်မင်းသမီး ကခုန်ဖို့ ဇာတ်စင်မဲ့နေတာပေါ့
ဟေ့….မခံနိုင်ဘူးကွ
မိစုံဖစုံမွေးဖွားလာတဲ့ ငါတို့ တိုင်းပြည်
စာပေယဉ်ကျေးမှု အနုသုခုမ ကြွယ်တဲ့ တိုင်းပြည်
ငါတို့ တိုင်းပြည် .
သံယံဇာတပေါကြွယ်တဲ့ တိုင်းပြည်
ငါတို့ တိုင်းပြည်
အစဉ်လာကြီးမားခဲ့တဲ့ တိုင်းပြည်
ငါတို့ တိုင်းပြည်
အတ္တဘောတွေအတွက်နေစရာနထ္ထိ
လောဘဇောတွေအတွက်ရှင်စရာမရှိ
အပြတ်သိ၇မယ်ဟေ့ ဓါတ်သိစေရမယ်ကွဲ့ ။

အကယ်၍ငါဟာခွေးတကောင်ဖြစ်ခဲ့ရင်တောင်
ငါဟာ ဒီမှာမွေးတယ် ဒီရေကိုသောက်တယ်
ဒီမှာအိမ်မှာချက်ပြုတ်တဲ့အစားအစာကိုစားတယ်
ဒီအိမ်က လူကိုပြန်မကိုက်ဘူး
ငါဟာခွေးတကောင်ကဲ့သို့ သစ္စာရှိမယ် ။

သမိုင်းဆိုတာ ကဗျည်းတင်တဲ့ အက္ခရာ
ငါကိုယ်တိုင်ထွင်းထုတဲ့  ကျောက်စာမှာ
ငါ့ရဲ့ လှုပ်ရှားမှု တိုင်းဟာ
သမိုင်းဖတ်စာထဲမှာ
ခပ်မွဲမွဲစကားလုံးနဲ့ စာလုံးမပေါင်းပါရစေနဲ့ 
အားလုံးဟာဘုရားသခင်အလိုကျမဖြစ်နိုင်ဘူး
အလာဟ်ရှင်မြတ်အမိန့် ကိုမခံယူနိုင်ဘူး
ရှေးဘုန်းရှေးကံဟာမနက်ခင်းတခုလိုပီပြင်တယ်
အကြောင်းကြောင့်သာအကျိုးပေါ်လိမ့်မယ် ။

မီးခိုးတွေကြားထဲမှာလူးလွင့်နေတဲ့ ညတွေ
ဘယ်အထိ ဘယ်အချိန်ထိ မြင်နေရအုံးမှာလဲ
သူငယ်ချင်းရေ …
အဆုံးမဲ့ မျှော်လင့်ခြင်းတွေနဲ့ 
ရုန်းကန်နေရခြင်းတွေရပ်စဲပါစေ
သူငယ်ချင်းရေ…
ငါတို့  ခေါင်းဆောင်တွေရဲ့ 
အဖ နဲ့ အမိပီသ မှုကိုခံယူလို့ 
ငါတို့ တတွေ အားလုံး
တိုင်းရင်းသားမောင်နှမတွေစည်းလုံးညီညာစွာ
စောင့်မျှော်နေရင်းးးးးးးး…..

မိုးသူ(တောင်ကြီး)
14 June 2012/Thursday
08:37/PM

In: ကဗျာ Posted By: Date: Jun 19, 2012
Comment #1

သိပ်ကောင်းတဲ့ ကဗျာပါခင်ဗျာ။ လေးစားပါတယ်။ ကျွန်တော့် FB မှာပါ share လိုက်ပါတယ်။ ခွင့်ပြုချက်ကတော့ လုပ်ပြီးမှ တောင်းတာ မဟုတ်ပါဘူး။ အဆင်မပြေရင်တော့ ပြန်ပြောပေးပါ ခင်ဗျာ။

commentinfo By: chiron at Jun 19, 2012
Comment #2

nice

commentinfo By: ei lay at Jun 19, 2012
Comment #3

ဘယ်လိုပြောရမှန်းမသိအောင် . . ကောင်းပါတယ်လို့ပဲ ပြောခဲ့တော့မယ် . . ။

commentinfo By: နတ်သမီး at Jun 20, 2012
Comment #4

ငါဖတ်ပြီးသားတွေချည်းပဲ ကွ

commentinfo By: Than Yaw Zin at Jul 31, 2012
Comment #5

တလေးတစားဖြင့်….

commentinfo By: နိုးဆက် at Mar 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment