Professional Authors

စင်ကာပူမှာ သာတဲ့လ

ဆီမီးရောင် ထိန်ဝါဝင်း… သီတင်းကျွတ် လရာသီ
လှကဗျာစီ စာဖွဲ့ပါပေသတဲ့ …

ဒါပေမယ့် …
တစ်ရွာဆီ ခွာခဲ့ရတာဖြင့်… ကမ္ဘာချီကြာခဲ့ရပြီပေါ့
မြန်မာပြည်ငါနဲ့ ဝေးသော်လည်း…. ….

ပြေးမခေါ်ပဲ အလွမ်းတွေ… မညှာမရှောင် ရစ်ပါတ်ကြ
ဝေးတော့မယ့် လမ်းအရှည်… ရာ ထောင် နှစ်, ရက်, လမို့
ငါတစ်ကောင် ဖြစ်ပျက်သမျှ… ကြိတ်ကာဆွေးပါရစေတော့ …. ….

လိပ်ပြာအသွေးသားတွင်
ရေတစ်မှုန်လိုကာ ငတ်နေသယောင်ပ…. ….

စိတ်သဒ္ဓါအေးမြချင်
ရွှေတိဂုံကိုသာ ထက်ငွေရောင်လနှင့်…. ….

မျက်ဖြေဒေါသစင်
ဘဝတွင် ထပ်ကာဖူးမျှော်ချင်ပါလည်း …. ….
ဦးတော်တင် စိတ်မှာသာ မှန်းဆနိုင်ပါရဲ့

တမ်းတကာ လွမ်းရတဲ့ အကြင်သူမှာဖြင့်
အသွင်မတူပါပေမယ့် ရင်ပူမလာအောင်ပေါ့

သူငယ်ချင်းရယ်… …

စင်ကာပူမှာ သာတဲ့လကိုပဲ …. …. ညဆိုအမြဲ ကြည့်နေမိပါရဲ့ ….. ….. …… ……

In: ကဗျာ Posted By: Date: Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment