Professional Authors

ည(၇)

ပျင်းရိလွယ် မိန်းမောလွယ်တဲ့

နေ့ရက်တွေ ၀ါးမျိုနေခဲ့….

 

ဒီနေရာမှာ

ဘာအဆုံးသတ်မှမရှိ

ဒီနေ့မှာ

ဘာအကြောင်းပြချက်မှမရှိ….

 

အတွေးတွေ ဝေးလွင်ခဲ့

ဆေးလိပ်မီးလည်း သတ်ခဲ့

ပြာလည်း ခြွေချခဲ့

ဘ၀လည်း ကြွေမွခဲ့ပေါ့…

 

ထိုင်ရင်း ငိုင်ရင်းက

တမ်းတခြင်းတွေ ပြင်ဆင်စရာ မလိုအောင်

နှုတ်ဆိတ်နေရတယ်

ဟိုးမှာက

အနမ်းမရှိသော ဒီရေတွေ

နက်သထက် နက်လာခဲ့တယ်

ညက ပိတ်မှောင်ထားတုန်း….

 

သေချာပါတယ်

ငါအတွက် ဘယ်လိုအရပ်ဖြစ်ဖြစ်

နဂိုညလိုပါပဲ….

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

အတွေးတွေ ဝေးလွင်ခဲ့

ဆေးလိပ်မီးလည်း သတ်ခဲ့

ပြာလည်း ခြွေချခဲ့

ဘ၀လည်း ကြွေမွခဲ့ပေါ့…

Comment #2

a kyaung pya chat ma shi lwan de.

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment