Professional Authors

အမှောင် တစ်ဝက် ၊ အလင်း တစ်ဝက် ပါတဲ့ တောင်ပံ တစ်စုံရဲ့ အကြောင်း ( လူမော်ငြိမ်း )

 

အမှောင် တစ်ဝက် ၊ အလင်း တစ်ဝက် ပါတဲ့ တောင်ပံ တစ်စုံရဲ့ အကြောင်း ( လူမော်ငြိမ်း )

( ၁ )

Thats  cause they re all about where people come from .

The only thing that s important is where somebody s going .

Public Enemy Number One , John Dellinger .

( ၂ )

စိတ်ညစ်တာကို ခေါင်းထဲက ထုတ်ဖို့ သီချင်း နားထောင်ဆိုလို့ နားကျပ်နဲ့ အာရုံကို ပလပ် တပ်လိုက်တယ် ။ သီချင်း ဆုံးမသွားခင် စိတ်ညစ်စရာတွေ ပြန်ဝင်မလာဘူးလို့ အာမခံမှာလား ။ လတ်တလော သူ စားသုံးနေတဲ့ အာရုံတွေထဲမှာ အမှန်တရားက မရှိသလောက် ရှားတယ် ။

အဆုံးထိ မသိသေးပေမယ့် သိသလောက်နဲ့ သွားဖို့လည်း စိတ်ဓာတ်ခွန်အားက နည်းပါးတယ် ။ တစ်ခါတလေ သူ စာတွေ ဖတ်တယ် ။ တစ်ခါတလေ သူ တရားတွေ မှတ်တယ် ။ တစ်ခါတလေ သူ သီချင်းတွေ စပ်တယ် ။ ယုံချင်ယုံ မယုံချင်နေ ဂျက်ကော့ဘားနက်စ် ရဲ့  ပြဿနာတွေထက် သူ့ပုစ္ဆာက ပိုခက်တယ် ။

သူ့မှာ ပညာ မရှိဘူး ။ ပညာရှိဖို့ ကြိုးစားရင်း မေးခွန်းတွေပဲ တိုးပွားနေရတယ် ။ သူက မယဉ်ကျေးဘူး ။ ယဉ်ကျေးဖို့ ကြိုးစားရင်း ခက်ထန်နေရတယ် ။ သူက မဖြူစင်ဘူး ။ ဖြူစင်ဖို့ ကြိုးစားရင်း ညစ်နွမ်းနေရတယ် ။

သူ ပြောနေကြစကားက မှန်ကို နံရံမှာ မထားတဲ့သူ အတွက် အချိန်တိုင်းက အရှက်နဲ့ ဒဏ်ချက်တွေချည်းပဲ  တဲ့ ။ သူ့ရဲ့  အပြစ်တစ်ခုက သဲတစ်ဆုပ်သာဆို ဥရုဝေလကျောင်းတော်က တစ်သောင်းသော ရသေ့တို့ရဲ့  သဲဒဏ် တောင်ပူစာထက် ပိုလိမ့်မယ် ။ သူ ဒီနေ့ညလည်း အိပ်ရာမဝင်ခင်မှာ အရင်လိုပဲ ဗုဒ္ဓမြတ်စွာထံမှာ ရှိခိုးဦးချပြီး တောင်းပန် ရလိမ့်ဦးမယ် ။

အချိန်ဆိုတာ ကုန်ချင်တဲ့သူအတွက် ပိုကြာပါတယ် ။ ဒီလိုနဲ့ သူ   ပြုသင့်သည်ကို မပြုမိ ၊ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ ပူပန်ခြင်းဆိုတဲ့ ခက်ဆစ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရင်ဘတ်နဲ့ ဖတ်ရင်း အလိုချင်ဆုံး နိဗ္ဗာန်ကို အလုပ်နဲ့ ယှဉ်ပြီး ဆုမတောင်းဖြစ်ခဲ့ ၊ အနှစ်သက်ဆုံး အဖြူရောင် သက်သက် တီရှပ်ကို မဝတ်ဖြစ်ခဲ့တာ အခုဆို လေးနှစ်တိတိ ပြည့်တော့မယ် ထင်ပါတယ် ။

( ၁ )

သူတို့ ဂရုစိုက်တယ်ဆိုတာက ဘယ်က လာတယ် ဆိုတာကိုပါ ။

ဒါပေမယ့် ဘယ်ကို သွားမလည်း ဆိုတာက ပိုအရေးကြီးပါတယ် ။ 

Public Enemy Number One , John Dellinger .

 

၁၅ . ၅ .၂ဝ၁၁ ( တနင်္ဂနွေ ) 

လူမော်ငြိမ်း

 

 


Comment #1

အစ်ကိုရေ မတွေ့တာကြာပီနော်.. ဒီစကားပြေလေးကိုအ၇မ်းကြိုက်ပါတယ်၊

သူ့မှာ ပညာ မရှိဘူး ။ ပညာရှိဖို့ ကြိုးစားရင်း မေးခွန်းတွေပဲ တိုးပွားနေရတယ် ။ သူက မယဉ်ကျေးဘူး ။ ယဉ်ကျေးဖို့ ကြိုးစားရင်း ခက်ထန်နေရတယ် ။ သူက မဖြူစင်ဘူး ။ ဖြူစင်ဖို့ ကြိုးစားရင်း ညစ်နွမ်းနေရတယ် ။

အစ်ကိုရေ..တစ်ခါတစ်လေမှာ မပြုသင့်တာတွေကို ပြုမိရင် ကျမတော့ အတော်နာကျင်ရပါတယ်.. 🙁
ဒီလိုစကားပြေတို့၊ ဆောင်းပါးတို့လည်းရေးပါအုံး…. LIKE 🙂

commentinfo By: ရွှေငါး at May 30, 2011
Comment #2

ဟုတ်ကဲ့ပါ မရွှေငါး ရေ … ရေးပါ့မယ်
ချစ်သော မျက်စိနဲ့ ကြည့်ရှု ဝေဖန်သွားလို့ အတိုင်းမသိ ဝမ်းသာမိပါတယ် …
မ ရွှေငါးလည်း ရေပေါ်မတက်တာ ကြာပေါ့ … ကံမကောင်းခြင်း တွေကို သတိရနေပါရဲ့ဗျာ … ။

Comment #3

စကားပြေက ပြောစရာစကားလုံးရှာမတွေ့အောင်ဖတ်လို့ကောင်းတယ် ဖတ်ရှုအားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment