Professional Authors

မြို့လေးကနေ ထွက်ခွာတော့မယ့်အကြောင်း….ဆက်ကြောင်း များစွာဖြင့်

မြို့လေးကနေ ထွက်ခွာတော့မယ့်အကြောင်း….ဆက်ကြောင်း များစွာဖြင့်

 

တစ်ယောက်တည်း ပါပဲ… ။ ဟုတ်တယ် ကိုယ် တစ်ယောက်တည်းပါပဲ…။ ကိုယ့်နောက်မှ နှင်းတွေ… ကိုယ်တို့ တိုင်းပြည်လေးမှာတော့ နှင်းတွေဟာ ကိုယ်ယောင်ဖျောက်နေလေ့ရှိကြတယ်။ အဲဒီကိုယ်ယောင်ဖျောက်နေတဲ့ နှင်းတွေပေါ့… တသဲသဲနဲ့… ကိုယ်တို့မြို့လေးပေါ်မှာ ရွာသွန်းလို့… ကိုယ် ရဲ့ မျက်လုံးထဲမှာ နှင်းစက်တွေရဲ့ ကကြိုးဟာ လှပလို့ နေလေရဲ့။ ယုံရဲ့လား။  မယုံလည်း ကိစ္စ မရှိပါဘူး။ ကိုယ့်အကြောင်းတရားနဲ့ ကိုယ် ရှင်သန်နေကြတဲ့ သူတွေချင်း ယုံကြည်မှုဟာ အဲ့ဒီလောက်တော့ အရေးမပါလှပါဘူး။

ကိုယ် တကယ်ပြောချင်တာက ကိုယ် ဒီမြို့လေးကနေ ထွက်ခွာသွားတော့မယ့် အကြောင်း … ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ်ပေါ့။ အရင်ကတော့ ကိုယ့်ဆီမှာ ဒီမြို့လေးကနေ ထွက်ခွာသွားတော့မယ် ဆိုပြီး ရေးထားတဲ့ အချစ်ကဗျာလေး တစ်ပုဒ် ရှိဖူးတယ်။ အခုတော့ အတိတ်ဆိုတဲ့ မရေ မရာေ၀၀ါးမှုထဲမှာ အဲဒီကဗျာလေးဟာ ပျောက်ဆုံးလို့…။ ကိုယ် လွမ်းရတယ်။ ကိုယ် လွမ်းနေမိတယ်။ အများကြီးပဲ။ ဟုတ်တယ်။ ကိုယ် အခုတလော တကယ်ကြီးကို လွမ်းတတ်နေတာ.။ လွမ်းမိတာလေးတွေ စာစီရရင် အဟဲ သူငယ်ချင်းဖတ်ရတာ မောသွားမှာပဲ။ ထားပါလေ..

ကိုယ် တကယ်ပြောချင်တာပဲ ကိုယ်ပြောတော့မယ်။ ကိုယ် အခု ဒီမြို့လေးကနေ ထွက်ခွာသွားတော့မယ်။ ကိုယ့်နောက်မှာ ကိုယ်ယောင်ဖျောက် နှင်းစက်တွေ တဖွဲဖွဲနဲ့ တသဲသဲနဲ့ မစဲဘဲ ရွာလို့…။

 

* @ @ @ *

 

တစ်ယောက်တည်း ဖြစ်သည်။ တစ်ယောက်တည်း ဖြစ်သောကြောင့် နှစ်ယောက်မဟုတ်ပါ။ ထို့အတူ နှစ်ယောက်ထက်ပိုသော လူစုလူဝေးလည်းမဟုတ်ပါ။ ဘ၀ ဟူသော စကားလုံးနှင့် ထိုအရာ၏ ဆက်စပ်ရာ ဆက်စပ်ကြောင်းများ၏ လှုံဆော် သွေးထိုးမှုဖြင့်  ဤအရပ်ကို ကျွန်တော် စွန့်ခွာတော့မည် ဖြစ်သည်။ စွန့်ခွာခြင်းသည် ထွက်ခွာခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် ထွက်ပြေးခြင်းလည်း ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် တစ်ခုခု ဖြစ်လိ့မ်မည်။ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မည်။ မြင်တွေ့မှု မြင်ကွင်း ထဲမှာ တော့မဟုတ် ခံစားမှု နှလုံးသားအရ နှင်းများ သည်းထန်စွာ ရွာသွန်းနေသည်ကို မြင်ကြားရသည်။

အမှန်တကယ်မှာ နှင်းများမှာ ကိုယ်ယောင်ဖျောက်နေသောကြောင့် မြင်လည်း မမြင်ရပါ။ ကြားလည်း မကြားရပါ။ ကြားရလောက်အောင်လည်း နှင်းခဲများ ကျနေခြင်းမဟုတ်။ သို့သော် ခံစားသူ ကျွန်တော်သည် လွန်စွာမှ အကဲပို စွာ ခံစားတတ်သူ ဖြစ်သောကြောင့် ပိုပိုသာသာ ပြောလိုက်ခြင်း ဖြစ်၏။ ပိုပိုသာသာ ပြောခြင်း ဆိုသည်မှာလည်း ကျွန်တော်၏ ခံစားမှု သိပ်သည်းဆကို မြင်နိုင်အောင် သုံးလိုက်ခြင်းသာ ဖြစ်၏။ မြင်ခြင်း မမြင်ခြင်း သည် သိပ်တော့ အရေးမပါလှပါ။ မမြင်လည်း ပြဿနာ မရှိ။

ကျွန်တော်၏ ခံစားမှု သက်သက်သာ ဖြစ်သည်။ အမှန်မှာ ဤစာပိုဒ်ကို ကျွန်တော်ရေးခဲ့ဖူးသော ရှင်သန်ခြင်းသီအိုရီ ရေးဟန်အတိုင်း ရေးဖို့ စိတ်ကူးပြီး ရေးခြင်း ဖြစ်သည်။ သို့သော် မရခဲ့ပါ။ ဖတ်ဖူးသူများသိလိမ့်မည်။ ကျွန်တော်ပြောချင်သော မြို့မှာ ထွက်ခွာခြင်း အကြောင်းသည် လိုရင်းမေ၇ာက်နိုင်သော ကိုရီးယား ဇာတ်ကားများကဲ့သို့ ရှည်လျားနေပြီဖြစ်သည်။ ယခုထိ မြို့မှာ မထွက်ခွာနိုင်သေး။ မထွက်ခွာနိုင်သေး၍ ကျွန်တော် ဤမြို့မှာ ယခုထိ ရှိနေသေးသည်။ ဆိုးပေစွ။

 

* @ @ @ *

 

 မမြင်နိုင်ခြင်း အိပ်မက်များ .. အိပ်မက်ဆိုးများလည်းဖြစ်နိုင်သည် …. ဆီသို့ ကျွန်တော် ထွက်ခွာသွားတော့မည် ဖြစ်သည်။ မုသားများ အလိမ်အညာများ မာယာများ အကြိမ်ကြိမ် ခံစားသုံးစွဲပြီး၍ ဆက်လက် ပိုမို သိပ်သည်းစွာ သုံးစွဲဖို့ရာ ကျွန်တော် မြို့လေးက ထွက်ခွာတော့မည်။ သံယောဇဉ်အနှောင်အဖွဲ့များ မိုးလွတ်ရာသို့ မပြေးဘဲ ကျွန်တော်၏ အိပ်မက်ထဲတွင် ရစ်ထုံး ဖွဲ့လျက်။ ဆွေးလှပါသည်။ အိပ်မက်တို့ ရွှေရောင် တောက်ချိန်သည် ဘယ်တော့လဲ။ ကျွန်တော် မမျှော်မှန်းရဲပါ။ မမျှော်မှန်းချင်ပါ။  နေ့တစ်နေ့ သည် နှစ်ဆယ့်လေးနာရီဖြင့် ဖွဲ့စည်းထားပါသည်။ ကျွန်တော်သည် ကိလေသာ အမှောက်အမှားတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ကျွန်တော် နေထွက်ခဲ့သည်မှာ အနှစ် နှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ နေမွန်းတည့်ပြီလား နေစောင်းပြီလား ဆိုတာ ကျွန်တော် မသိနိုင်ပါ။ မှားယွင်းမှုတို့ကို ပြန်လည် ကိုက်ဝါးရင်း နောင်တတို့ ဂုဏ်မာန်တက်လျက်ရှိသည်။ ဘ၀သည် မှောင်လွန်းလှပေစွ။ လောကတ၇ားသည် ဘယ်လိုပါလဲ။ ထိုမေးခွန်းကို မထုတ်ထိုက်သူထဲတွင် ကျွန်တော်ပါဝင်ပါသည်။ သို့သော်ကျွန်တော် ရူးရူးမိုက်မိုက် အကြိမ်ကြိမ် မေးနေမိသည်။ ဖြေသူမဲ့ ခဲ့သလို … နားစိုက်ထောင်မည့်သူပင် မ၇ှိခဲ့ပါ။ ကျွန်တော်ကသာ ရူးရူးမိုက်မိုက်…။

 

တိမ်ဖွဲ့မိုးတွေ ရွာချင်ယောင်ဆောင်နေကြသည်။ ကျွန်တော် မလွမ်းချင်ပါ။ ကျွန်တော် မတမ်းတချင်ပါ။ ဖြစ်ပျက် အိပ်မက်တွင် ကျွန်တော့်ကို ကျွန်တော် ယုံကြည်စွာ မြှုပ်နှံထားခဲ့ပြီး ဖြစ်ပါသည်။ မြို့လေးကတော့  မြို့လေးအဖြစ် ဆက်လက် တည်ရှိနေလိမ့်ဦးမည်။ ကျွန်တော်ကလည်း ကျွန်တော်အဖြစ် ဆက်လက် တည်ရှိဖို့၇ာ.. ကျွန်တော် …ထွက်ခွာပါတော့မည်။ ဥသြဆွဲမည့် ရထားများ မရှိပါ။ ကျွန်တော် ကားဖြင့် ထွက်ခွာမည် ဖြစ်သောကြောင့် ဖြစ်သည်။ လက်ပြ နှုတ်ဆက်မည့်သူ မရှိပါ။ ထိုသူတို့အား လာရောက် မနှုတ်ဆက် ကြရန် ကျွန်တော် ကြိုတင် မှာကြားထား၍ ဖြစ်သည်။ သေချာဆန်းစစ်ကြည့်တော့ ကျွန်တော် လွမ်းနေပါသည်။ လွမ်းရမှာကို ကြောက်၍ လွမ်းစရာများအား ပိတ်ပင်ထားသော်ငြား ကျွန်တော် ကတော့ ယခုကတည်းက စတင်၍ လွမ်းနေပါပြီ။ ဆိုးလေစွ…သို့မဟုတ် ကောင်းလေစွ။

 

*@ @ @ *

 

မိုးအိမ်လူ

7.10.2011

PM; 10:10

In: စကားပြေ Posted By: Date: Feb 19, 2012
Comment #1

နောက်မှပဲ လာဖတ်တော့မယ်….

commentinfo By: SoFarAwayFromU at Feb 19, 2012
Comment #2

ဖတ်ရတာ သစ်ကုလားအုပ်အစာနင်နေသလိုဘဲ
အတော်တိုတဲ့စကားပြေ ~~

commentinfo By: X - ray at Mar 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment