Professional Authors

မဲ့ ……(မင်းလူန)

အရမ်းကောင်းချင်လွန်းလို့ 
ဆိုးမိတဲ့ ဆန္ဒတစ်ခုလို
နဂိုကရိုးသားခဲ့ တယ်ထင်တာပဲ
သိပ်မသေချာ။
ကြာကြာဝါးခဲ့ တိုင်းမခါးတက်တော့  လဲ
ဘ၀ဆိုတာ
သံသရာရှည်မှနေလို့ ကောင်းသလိုဖြစ်လာတယ်
မျက်နှာမူရာတိုင်းမှာ
ကိုယ့် ဒဏ်၇ာကိုယ.်ပြန်သိမ်းဖို့ 
လူတွေမသိအောင်
သူကျင့် တရားတွေကိုပဲကြည့် ဖြစ်ခဲ့ ပြန်တယ်
တစ်ကယ်တော့ 
အကြာကြီးဝါးနေရဲ့ သားနဲ့ 
ချိုလားခါးလားမသိတဲ့ အရသာကြောင့် 
မျက်နှာမရှိတဲ့ဦးခေါင်းလို
မှန်ဆိုတာအပိုပစ္စည်းတစ်ခုဖြစ်နေတာပဲ
အဖတ်တင်တယ်
တရား
ငွေပြသနာနဲ့ 
လိင်ကိစ္စ
တမျှင်စီဆွဲထုတ်မယ်အကြံနဲ့ 
ငါဘာလဲဆိုတဲ့ မေးခွန်းကို
မသိမသာငဲ့ စောင်းကြည့် ဖြစ်ခဲ့ ဖို့ ကောင်းတာ
ခုမှတော့ 
ငါတရားငါ့ စီရင်စေတော့ ဆိုတဲ့ စိတ်နဲ့ 
မိုက်လုံးကြီးကြီးသာထမ်းဖြစ်ခဲ့ တယ်
အညှီနံ့ တွေသင်းလာတိုင်း
ပျော်စရာကောင်းနေတော့ လဲ
အတိတ်တစ်ခုစာလောက်
ဆက်မိုက်လိုက်တော့ မယ်
အဲ့ ဒီမှာ
လူဟာပိန်းပိတ်မှောင်တဲ့ အရောင်မှ
ရွေးဝတ်ဆင်ချင်လာတယ်ထင်။

                                    မင်းလူန

In: ကဗျာ Posted By: Date: Jun 9, 2012
Comment #1

ကြာကြာဝါးခဲ့ တိုင်းမခါးတက်တော့  လဲ
ဘ၀ဆိုတာ
သံသရာရှည်မှနေလို့ ကောင်းသလိုဖြစ်လာတယ်
မျက်နှာမူရာတိုင်းမှာ
ကိုယ့် ဒဏ်၇ာကိုယ.်ပြန်သိမ်းဖို့ 
လူတွေမသိအောင်
သူကျင့် တရားတွေကိုပဲကြည့် ဖြစ်ခဲ့ ပြန်တယ်
………………
ကျွန်တော် နှစ်သက် စွာအားပေးသွားပါတယ် ကိုမင်းလူန….. 😀

commentinfo By: အသဲကွဲမိုး at Jun 9, 2012
Comment #2

ကဗျာက ဖတ်လေလေ လှလေလေဘဲဗျ ~~~

commentinfo By: X - ray at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment