Professional Authors

အရည်အသွေးမပြည့် မှီသောကဗျာ(မင်းလူန)

စစ်ပွဲ
တရားမှု့ မတရားမှု့ တွေ
တန်းထိုးပြမနေနဲ့ တော့ 
နိုင်အောင်သာတိုက်
ဒီလောက်မှခံနိုင်ရည်မရှိရင်
ဟိုစကားကိုမပြောခဲ့ ပါနဲ့ မိတ်ဆွေ
တန်ပြန်သက်ရောက်မှု့ ဆိုတာ
နယူတန်ပြောပြမှ
သိရမယ်မထင်နဲ့ 
ကိုလုပ်ပြီးရင်ကိုယ်ဆီကိုပြန်လာမှာပဲ
ရာဇ၀တ်မှု့ တွေနဲ့ လိင်ကိစ္စမှာ
သင်ဘယ်လောက်အမှားနည်းသလဲ
သောမတ်(စ်)ဟာဒီလိုဝိရိယမျိုးနဲ့ 
ဒီကဗျာကိုရေးတယ်
သက်တမ်းရဲ့ ထက်ဝတ်ကိုအိပ်ပြီးထက်ဝတ်ကို
အကုသိုလ်တွေထိုင်ထိုင်စားနေတာမျိုးမှ
ပျော်တယ်ဆိုရင်
လူဆိုတဲ့ အရေခွံခြွတ်ချလိုက်ဗျာ
ဘယ်တုန်းကမှမမြည်တဲ့ တစ်ဖတ်တည်းတီးတဲ့ လက်ခုပ်
နည်းပညာခေတ်မှာမြည်မယ်
အချစ်အကြောင်းကို
အက်ကြောင်းလိုက်အောင်ရေးရေးမပြပါနဲ့ 
ရင်ဘတ်ထဲကတစ်ကယ်ချစ်တက်ရင်
လူလူချင်းစာတာထောက်ထားတဲ့ သဘောနဲ့ 
ခင်ဗျားဦးဏှောက်ကမှိုတွေ
ခွါသင့် ပြီ…………………………………..
…………………………………………..မင်းလူန

In: ကဗျာ Posted By: Date: May 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment