Professional Authors

ချစ်သူသို့………

လမ်းမှာတွေ့ရင်

(နင့်ကို) နှုတ်မဆက်ရဲဘူး

နင့်ရဲ့တုန့်ပြန်မှု ငါ့အပေါ်

မညင်သာမှာစိုးတယ်……

အနမ်းတွေတွေ့ရင်

(နင့်ကို) မလွမ်းရဲဘူး

နင့်ရဲ့အနမ်းမိုးတွေ ငါ့အပေါ်

မရွာခဲ့တာကြာခဲ့ပြီလေ………

လွမ်းစရာတွေ့ရင်

(နင့်ကို)မတမ်းတရဲဘူး

နင့်ရဲ့လမ်းခွဲခြင်း ငါ့အပေါ်

သက်ရောက်ခဲ့တာကြာခဲ့ပြီလေ…..

နင်တို့နှစ်ယောက်ကိုတွေ့ရင်

(နင့်ကို)ငါ့နှလဲုးသားထဲမှာ

သိမ်းထားဆဲပါဆိုပေမယ့်လည်း

နင့်ရဲ့ချစ်သူက ငါမဟုတ်တော့တာ

တစ်နှစ်တောင်ပြည့်ခဲ့ပြီလေ…..

ဘာပဲဖြစ်ဖြစ်(နင့်ကို)

ငါ့ဘက်ကနေပဲ ဆက်ချစ်နေပါရစေ……

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

oh,,, 🙁
really really feel sorry.
poor u, 🙁
i feel sympthatic to u,
doesn’t he know how much u love him?
why u broke him?

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment