ချစ်သူသို့….
သိပ်ချစ်ရတဲ့ ချစ်သူရေ…
ဝေးနေရပေမဲ့
စက္ကန့်တောင် မလပ်ပါဘူး
ရင်တစ်ချက်တစ်ချက်ခုန်တိုင်း
သတိအခါခါ ရနေမိတယ်
ပုံမှန်ကြားနေရတဲ့ နင့်အသံလေး
ပုံမှန်မြင်နေရတဲ့ နင့်မျက်နှာလေး
ဒါတွေရဲ့ ဝေးရာကို ငါရောက်သွားတာ
တမင် အကွက်ချခဲ့ခြင်းမှ မဟုတ်ပဲလေ
ဒါပေမဲ့လည်း
နင် စွပ်စွဲနေတဲ့အတိုင်းပဲ
ငါက နင့်ကိုခွဲသွားရက်တယ် ဆိုတဲ့ စကား
ငါဘယ်လိုအရာမျိုးနဲ့မှ
မငြင်းရက်တော့ပါဘူး အချစ်ရယ်
ငါ့မှာရွေးချယ်ခွင့်မရှိလို့ ပါလို့ ပြောရင်
ငါ့အနားကို အခါခါပြေးလာတဲ့
နင့်ကို မသနားရာကျလေမလား
ခွဲထုတ်မပြတော့ပါဘူး ငါ့ရင်ကို
စုတ်ပြတ်သတ်အောင် တမ်းတ
အခါခါမြည်တမ်းနေတဲ့ ငါ့နှလုံးသား နင်တွေ့ရင်
နင့် အသည်းများနာသွားလေမလား
မလုပ်ရက်ပါဘူး ချစ်သူရယ်
နာကျင်ခြင်းဆိုတာ ငါပဲ အပိုင်ယူထားပါရစေ
မှန်တာတစ်ခုကို ပြောရရင်လေ
ငါနင့်ကိုသိပ်ချစ်တာပဲ
ဒါပေမဲ့ မပြောရဲခဲ့ပါဘူး နင့်ကို
ခွဲထွက်လာတဲ့ လူတစ်ယောက်အနေနဲ့
အနားရောက်လာမှပဲ ကိုယ်တိုင်ပြောပြတော့မယ်
နောက်ထပ်ခွဲမသွားတော့ဘူး ဆိုတဲ့စကားနဲ့
မရိုးစင်းသွားမဲ့ သိပ်ချစ်တယ်ဆိုတဲ့စကား
ဘာကာရံမှ မထည့်ပဲ
အဖြူရောင်သက်သက် သစ္စာတရား
နင့်တစ်ယောက်ထဲ အတွက် သိမ်းထားတယ်………..
ကြက်ခြေခတ် X
Comment #3
ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး….အချစ်ကဗျာလေးတွေ ဆက်ရေးသွားနော် …အားပေးနေမယ်…..
By: Phyu Lay at Aug 2, 2010




Comment #1
ကဗျာလေးကမိုက်တယ်နော်…….