Professional Authors

ကျိန်စာသင့်သွားတဲ့ ကမ္ဘာ ၁ ခု !!

*နင်*

လ ၁ စင်းအဖြစ် ငါ့ ကောင်းကင်မှာ ထွန်းလင်းပေးခဲ့ဖူးတယ်

မှိန်ပျပေမယ့် အေးမြခဲ့ဖူးတယ်……

အေးချမ်းမှုကို တက်မက် ငါ…

ကြည်နူးတတ်ခဲ့တယ်………။

 

နေရဲ့ အလင်းလို

နွေးစေခဲ့တဲ့ နင် …..

 

အနာဂါတ်လေး

လင်းခဲ့ရတာ …

ကျေးဇူးတွေတင်မိလျက်သားပေါ့……။

 

စိတ်၏စေရာ ဆိုရေးရှိလို့

ငါ့ရဲ့ ချစ်ခြင်း ဖြူစင်ခဲ့တယ်……

 

ရယူခြင်းမရှိ ..

ပေးဆပ်ရင်းနဲ့

နေ့ရက်တွေကို တူယှဉ်တွဲပြီး

ထုဆစ်လိုက်တာ

အဓိပ္ပါယ်တွေ ပြည့်နှက်ခဲ့တာ…..။

 

လေးစားခြင်းတို့ ရင်မှာပြည့်လို့

*နေ* လို *လ* လို

နွေးထွေးမှုနဲ့ အေးမြမှုကို

တပြိုင်နက်ထဲ

ပေးနိုင်တဲ့သူ ….

 

မမျှော်လင့်ခဲ့

လမိုက်ခြင်းတို့ ကျရောက်

ရုတ်တရက်

ငါ့ကမ္ဘာမှာ …

လမိုက်ညအဖြစ် ကျိန်စာသင့်သွားခဲ့ရတယ်…………………………….။

 

မျက်ရည်ဆိုတာ မုန်းတတ်တဲ့ ကျမ

အခု………………

မျက်ရည်တွေနဲ့ပေါ့………………..။

 

(၇-၆-၂ဝ၁၂)

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

really nice creation.

don’t worry,,pannei
u’ll get what u give.
believe urself.

commentinfo By: ei lay at Jun 7, 2012
Comment #2

မိုက်တယ်ဗျာ… အရေးအသားက နူးညံ့တယ်… ဖတ်ပြီးတော့ ရင်ကိုထိတယ်… နေ နဲ့ လ လိုနွေးထွေး အေးမျှပေးနိုင်တဲ့လူထပ်တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

လေးစားလျက်
မင်းကိုချစ်တဲ့သူ

commentinfo By: deadxromeo at Jun 7, 2012
Comment #3

deadxromeo ye,,
nout htet tway me thu ka 1 char 1 sain 1 yout lay,,
thu hma ma hote dar,
thu lo myo pyay sone par ma lar?
a kaung sone ka dot pannei 1 ke chit yin thu nay yar ko 1 char thu a sar ma htoe par ne,
thu ko pe kwat lat phyay khine like par,,,1 tet lone a twat sate chan tar say chin par de.

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment