Professional Authors

မုန်းမသွားတဲ့ နှလုံးသား

တစ်ဖက်သက်ဆိုတဲ့ခံစားချက်
ရင်အဝှေ့တစ်ချက်မှာ ပြာကျသွားတယ်
မင်းလည်းမမြင် ငါလည်းမတွေ့
ကွေ့ဝိုက်ပြီးရှောင်ထွက်သွားတဲ့
ကံကြမ္မာတစ်စုံကတော့
မျှော်လင့်မိတဲ့ ဒဏ်ရာနဲ့
စိတ်မသက်မသာ အနာတရတွေ
ပြည့်နှက်နေခဲ့တော့
ဝေဒနာဆိုတာ အရာထင်စေတတ်တာ
နင်နဲ့ ငါဘာတွေပြင်လို့ ရနိုင်မှာလဲ
အချိန်ခါရက်စက်
လွမ်းရက်တွေထပ်နေပေမဲ့
ခံစားမှုဆိုတာ အမြင်မတူခဲ့ဘူးလေ
မပြတ်သားတဲ့ခံစားချက်အတွက်
အမှတ်သားဆိုတာ ငါမထားပါဘူး
အမှန်တကယ်မပြတ်သားပဲ မှတ်သားစရာတွေ
အားကုန်ခဲ့တဲ့နာရီပျက်လို
ဆက်သွားဖို့အင်အားတော့ မရှိတော့ဘူးလေ
လိုအပ်ခြင်းများထက်က
အလိုအပ်ဆုံးနင်ဆိုတာ
ငါပြောမထွက်ခဲ့ဘူး
ပိုင်ဆိုင်ရဖို့ ထက်
အပိုင်နိုင်မကျတဲ့ဘဝက
နင်ကိုဇာတ်နာမှာငါကြောက်တယ်
အချစ်ဆိုတဲ့ အတ္တမှာ
ဖျက်မရတဲ့ဒဏ်ချက်တွေနဲ့
နှလုံးသားတစ်ခုလုံး လောင်ကျွမ်းခဲ့ရင်တောင်
အမုန်းတရားဆိုတဲ့
နှလုံးသားနဲ့ ဘယ်တော့မှ
မုန်းမသွားခဲ့တာလေ…။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: Apr 27, 2012
Comment #1

wow,,,,,,,,,
amazing.

commentinfo By: ei lay at Apr 27, 2012
Comment #2

100% agree.
really amazing.

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment