Professional Authors

သမိုင်းတွင်မဲ့ အပြုံးများ

အပြုံးတိုင်းမှာ အဓိပ္ပယ်တွေနဲ့
သမိုင်းမှာ အထင်ကရဖြစ်ခဲ့
လောင် ရယ်သံတွေ မဟုတ်ခဲ့ရင်
ခလုတ်တိုက်ဖို့ မဖြစ်နိုင်
သေခြာတာက တိုးတက်ခြင်းပဲ…။

အနောက်အလှပိုင်ရှင်နဲ့ အရှေ့တိုင်းအလှပိုင်ရှင်
လျှောက်လှမ်းတာ ခြေလှမ်းခြင်း တူပေမဲ့
ကွာခြားချက် နှစ်ဖဝါးတွင်းမှာ
အရှေ့တိုင်းက အလှပိုင်ရှင်ကို
မီဒီယာကွန်ရက်က အလှဘုရင်တင်ရင်း
အရှေ့တိုင်းကို အလှပြင်ဖို့
တောင်းဆိုလာတာ ဒီဇင်ဘာဆောင်းညပေါ့…။

အနောက်တိုင်းအပြုံး အရှေ့တိုင်းအပြုံးတွေက
သမိုင်းပေါ်မှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ကမ္ဘာ့ မယ်စကြာတွေတောင်
အတုယူလောက်တဲ့ ဖြစ်ရပ်မှန်ပေါ့…။

လေးစားမိတယ် သူတို့အပြုံးတွေ
သူတို့ ဘာသာတရား လေးစားမှုတွေ
ထင်ကျန်ခဲ့တဲ့ အလုပ်သက်သေတွေကို
အားလုံးကို စုစည်းလို့ သမိုင်းတစ်ပုဒ်
ဆေးစက်ကျရာ အရုပ်ထင်သလို
ရေးလိုက်ချင်တယ် သူတို့ အကြောင်း…။

ဒါပေမဲ့…
တရားအားထုတ်လို့ တရုတ်အားထားတာလည်း မဟုတ်
နဂါးနဲ့ကုလား မယားနဲ့ဓားလို
ခင်မင်တွယ်နေမည့်အစား
သူတို့အပြုံးတွေ လေးစားပြီး
သမိုင်းတစ်ခု တည်စေချင်တယ်လေ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Dec 3, 2011
Comment #2

အနောက်တိုင်းအပြုံး အရှေ့တိုင်းအပြုံးတွေက
သမိုင်းပေါ်မှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ကမ္ဘာ့ မယ်စကြာတွေတောင်
အတုယူလောက်တဲ့ ဖြစ်ရပ်မှန်ပေါ့…။
လှတယ်ဗျာ စာသားလေး

Comment #3

အခုလို အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ

Comment #4

ကောင်းတယ်ဗျာ

commentinfo By: Village chat kyi at Dec 3, 2011
Comment #5

အခုလို အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ် နောက်လည်း အားပေးပါအုန်း ခင်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment