Professional Authors

ပြန်ဆုံချိန်

အချစ်ဆိုတာ တကယ်ရှိခဲ့ရင်
ငါတိုနှစ်ယောက်ရဲ့ ပြန်ဆုံချိန်ဟာ
မဝေးတော့ပါဘူး……..။
မုသားမပါတဲ့ အချစ်တွေနဲ့
နီးစပ်ဖို့ဆိုတာ ငါတို့နှစ်ယောက်
မျှော်လင့်ထားတဲ့ ဘ၀တစ်ခုပါ။
အခုအချိနှ်မှာ အနေဝေးပေမဲ့
မင်းပြောခဲ့သလို စိတ်ချင်းနီးဖို့
လိုအပ်တယ်နော်……..။
သုံးလဆိုတဲ့ ဆုံဆည်းခြင်းက
အချစ် မဖြစ်ခဲ့ပေမဲ့…….။
ဆယ်လဆိုတဲ့ သံယောဇဉ်ကရော
အချစ်ဖြစ်ဖို့ လုံလောက်ရဲ့လား…..။
ငါတို့နှစ်ယောက်လုံးမှာရှိတဲ့
အချစ်တွေနဲ့
 ဘ၀တစ်ခု တည်ဆောက်ဖို့
အစဉ်ပြေပါ့မလား…ဆိုတဲ့တွေးတွေနဲ့
ငါမွန်းကြပ်နေပြီကွာ…………။
ကောင်မလေးရယ်……….။
တနေ့နေ့ဆိုတာကို
မင်းခါင်းထဲမှာ မမေ့ပါနဲ့
ပြန်ဆုံဖို့ကိုတွေးထားနော်
ကြားစကားတွေကိုလည်း
မေ့ထားပေးပါ။
ငါတို့ပြန်ဆုံမဲ့နေကိုလည်း
တွေးထားပါနော်………။

 

In: ကဗျာ Posted By: Date: Jun 4, 2012
Comment #1

super like,
believe & faith.

commentinfo By: ei lay at Jun 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment