Professional Authors

“ဘယ်လိုဖြေဖြေ လေကိုလေနေတာ”

ပုံဆောင်ငနဲချင်း အတူတူ

ငါ့ကိုမှ ပုံမှန်မဟုတ်ဘူးတဲ့

ခက်တာပါပဲ

ဂုဏ်သရေရှိ လူကြီးမင်းများရယ်…

အစဉ်ပြေတယ်မလား…

နှိမ်ချဆက်ဆံခြင်းတွေနပ်မှန်နေသေးတော့

အစဉ်ပြေတယ်မလား…

ဂျိုကျိုးနားရွက်ပဲ့အမှန်တရားက လူကြိုက်များနေသေးတော့

အစဉ်ပြေတယ်မှလား…

သံသရာကရန်မရှာသေးတော့…

ကိစ္စမရှိဘူး မှားသွားတော့လဲ

လက်လှမ်းမှီရာဆင်ခြေတစ်ခုခုအောက်ထဲ

ထိုးကြိတ်ထည့်ထားလိုက်…

ဒါပဲမလား…

သိပ်မထူးတော့တဲ့ အထူးပြုလုပ်ချက်/မထူးပြုလုပ်ချက်များ

လွယ်လင့်တကူဆောင်ထား…

ခက်ပါလားနော်…

အခေါင်းပွလေးနက်မှုတွေနဲ့

ခင်ဗျားတို့ကို ကြည့်ရင်းသွေးပျက်/အတွေးခက်

“ဒီလိုပါပဲကွာ…”နဲ့တင်

စိတ်အယားမပြေတော့ဘူး။ ။

ဒီဗိုင်း

၂၀၁၂ စက်တင်ဘာ ၂၆

ည ၈:၂၀

In: ကဗျာ Posted By: Date: Sep 27, 2012
Comment #1

😛

commentinfo By: ei lay at Sep 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment