ငါတို့ ပြန်ဆုံချိန်တွေ…..
ဖြစ်ချင်တာတွေနဲ့ …ဖြစ်နေရတာတွေ
တစ်ထပ်တည်းမကျဘူး….ချစ်သူရယ်
နင်မရှိတဲ့ ငါ့နေ့ရက်တွေ
ရှင်သန်နေရတာ သိမ်ငယ်လွန်းပါတယ်…..။
ငါ့စိတ်ကူးတွေ မှေးမှိန်
မနက်ဖြန်တွေမှောင်မိုက်နေတယ်
ချစ်သူရယ်…….
နင့်လို အားပေးဖော်
ဆုံးရှုံးရခြင်းအတွက်…..
ငါ ဘယ်လိုလုပ်  ဖြေသာနိုင်မှာတဲ့လဲ……?
ငါတို့အတူရယ်မောရရုံလေးနဲ့
အသက်ရှုသံတွေ အဓိပ္ပါယ်ရှိခဲ့လည်း….
ရုတ်တရတ်….နင်ကြွေလွင့်
ဒီလိုအဖြစ်နဲ့…..ငါ
နေသားကျဖို့ ခဲယဉ်း
နင်မကျစေခဲ့တဲ့ ငါ့မျက်ရည်တွေ…..
နင့်အတွက် စီးဆင်းနေတယ်….။
ချစ်သူရယ်…..
ငါ့ကို ထားသွားခဲ့တာ စောလွန်းပါတယ်
ပြန်လမ်းမရှိတဲ့လမ်းသို့
ခန့်မှန်းမရတော့တဲ့ အနမ်းတွေနဲ့ 
နင်…………ခရီးဆက်
ခုလေ……….
ငါ့တစ်ယောက်တည်း…….
အားတင်းထားတဲ့ သတ္တိတွေ ပြေလျော့လာတယ်…။
ငါ အင်အားမဲ့နေတယ်
အနာဂတ်ပျောက်နေတယ်
ချစ်သူရယ်…..
ုမတရားလွန်းတဲ့ ကံတရားဆီက
ဖြစ်နိုင်သော အခွင့်အရေးပဲ
ငါ တောင်းဆိုနေမိတယ်……။
ိနင့်အနား ရောက်နိုင်မယ့်နည်းလမ်း
တစ်စွန်းတစ်စ….ငါတာင့်တနေတယ်
သိပ်မဝေးတဲ့ ကာလတစ်ခုမှာ…
ငါတို့ ပြန်ဆုံချိန်တွေ…..
ရောက်လာတော့မယ်……..။
ငြိမ်းချမ်းသော ကမ္ဘာလေးထဲက
ငါတို့ ပြန်ဆုံတွေကို
နင်…..ရင်ခုန်စွာ စောင့်မျှော်နေပေးပါ…..။    ။
Comment #3
ခုလေ……….
ငါ့တစ်ယောက်တည်း…….
အားတင်းထားတဲ့ သတ္တိတွေ ပြေလျော့လာတယ်…။
အလွမ်း….ပြန်ဆုံနိုင်ပါစေ…
                        By: poem.poem28 at Jun 6, 2011
                    Comment #4
“ ငါတို့အတူရယ်မောရရုံလေးနဲ့
အသက်ရှုသံတွေ အဓိပ္ပါယ်ရှိခဲ့လည်း….
ရုတ်တရတ်….နင်ကြွေလွင့်
ဒီလိုအဖြစ်နဲ့…..ငါ
နေသားကျဖို့ ခဲယဉ်း
နင်မကျစေခဲ့တဲ့ ငါ့မျက်ရည်တွေ…..
နင့်အတွက် စီးဆင်းနေတယ်…”
!_!
                        By: HORIZON at Jun 14, 2011
                    Comment #5
really nice.
really nice.
                        By: ei lay at Sep 14, 2011
                    



 
Comment #1
ပြန်ဆုံပါစေ……တကယ်ကို လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်