Professional Authors

ပြင်ဦးလွင်လမ်း

အသက်ကို ဖက်နဲ့ထုပ်ထားရတာ ပျော်စရာကစားနည်းတစ်မျိုးလား
ရင်သပ်ရှုမောဖွယ်ရှုမျှော်ခင်းတွေကို ကြည့်ရင်း
တစ်မျှော်တစ်ခေါ် ရယ်ရင်းမောနေ
အတက်ခက် အဆင်းကြမ်း ထိတ်လန့်တုန်ခါမှုတွေထဲ
စိတ်တစ်နံတစ်လျားစာ တလှပ်လှပ် မူးဝေယိမ်းထိုးကြ
လောကဓံကို အပီပြင်ဆုံးပုံတူကူးထားတဲ့ လမ်းတွေ ကောက်သလောက် ခရီးသွားကားတွေ
ဟန်ချက်ညီညီ ချိုးကွေ့တတ်ဖို့ လိုမယ်
တစ်ချက်လေး တိမ်းစောင်းလိုက်တာနဲ့
အရာရာဟာ ပါးစပ်ဟထားတဲ့ချောက်ထဲ ထိုးဆင်းသွားမှာပဲ
ဒါဟာ လူ့ဘ၀ကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဆိုရင်
ဒီလမ်းကို အကယ်ဒမီပေးရမယ်

ကိုသျှား

In: ကဗျာ Posted By: Date: Jun 3, 2012
Comment #1

mike de kwar.
special nice,

commentinfo By: ei lay at Jun 4, 2012
Comment #2

ဒီကဗျာလေးဖတ်လိုက်တော့ ရှမ်းပြည်ကဂုတ်ထိပ်ကွေ့ကိုတောင်သွားသတိရမိတယ်ဗျာ
အရေးအသားကပီပြင်လွန်းတယ်
ဖတ်သွားတယ်ဗျာ ~~

With respect,
RAY

commentinfo By: X - ray at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment