Professional Authors

ငါတို့အမေရဲ့ ရောင်နီဦး

ကမ္ဘာကြီးက ရွာကြီးဖြစ်လို့
အင်တာနက်ပေါ် ဈေးရောင်းရင်းနဲ့
မနက်တိုင်း အမေကိုယ်တိုင်
ကြော်ပေးတဲ့ ထမင်းနဲ့ငါးခြောက်လေး
ငါတို့ မစားရတာ နှစ်တွေကြာညောင်းပြီလေ…။

ကမ္ဘာ့ရွာထဲမှာ စီးပွားရှာရင်း
အောင်မြင်မှုရဲ့ လမ်းကြောင်းတွေကို
လျှောက်လှမ်းခဲ့… အမေပြောတဲ့
ငါတို့ရှေ့က ခေါင်းဆောင်တွေ
ပထမဆုံး ငွေကြေးနဲ့ လက်ထိတ်ခတ်ပြီ…တဲ့..။

၂၁ ရာစုခေတ်ကြီးထဲ ကမ္ဘာကြီးရွာဖြစ်ခဲ့
အမေက အမှာစကားပြောခဲ့တယ်
သူတို့ဘာတွေ လုပ်ခဲ့လုပ်ခဲ့
ရေးစရာသမိုင်းမလိုဘူး အကုန်သိတယ်
အိုးနဲ့စလောင်းဖုံး ဟန်ချက်ညီလည်း
ဒီရွာထဲမှာ သူတို့အကြောင်းအကုန်သိလို့
ရွာဆော်ကို ဖမ်းချုပ်
အာဏာရှင်တွေက ကမ္ဘာလှုပ်မယ်တဲ့  သူတို့အမှား..။

ဘာသာဗေဒ ကွဲပြားခြားနားလည်း
ဟန်ချက်ညီညီ ကြေငြာချက်သတင်းတွေက
ကမ္ဘာ့ရွာထဲမှာ လော်စပီကာနဲ့
ကြေငြာမောင်းထု… မနေ့က
သူတို့မကောင်းမှုတွေ ငါတို့ရွာထဲ
အမေကိုယ်တိုင် ပြောကြားခဲ့တယ်…။

အမေပြောတဲ့ သတင်းတစ်ပုဒ်
အတင်းလုပ်လို့ မောင်းထုလိုက်တာမဟုတ်
ကမ္ဘာ့ရွာ အမေအိမ်မှာတော့
အမှန်တရားနဲ့ အကြင်နာထားလို့
အရောင်ပြန် သစ္စာတွေက
တစ်လသားအရွယ် ပမာတင့်ပြီမို့
မနက်ဖြန် ရောင်နီဦးကို လှမ်းကြိုလို့နေပြီလေ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 16, 2011
Comment #1

ကမ္ဘာကြီးက ရွာကြီးဖြစ်လို့
အင်တာနက်ပေါ် ဈေးရောင်းရင်းနဲ့
မနက်တိုင်း အမေကိုယ်တိုင်
ကြော်ပေးတဲ့ ထမင်းနဲ့ငါးခြောက်လေး
ငါတို့ မစားရတာ နှစ်တွေကြာညောင်းပြီလေ…။

Comment #2

I am really thinking for you and I would like to say the word of congratulation now.

Leave Comments

Name*

Email*
Website
Email me whenever there is new comment